မော်စကို ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်မှ MiG-29 ဂျက်တိုက်လေယာဉ် တစ်စင်းသည် မြေထဲပင်လယ်အတွင်းရှိ လေယာဉ်တင်သင်္ဘောပေါ်သို့ဆင်းသက်စဉ် ပျက်ကျသွားခဲ့ကြောင်း နှင့် လေယာဉ်မှူးမှာ ခုန်ထွက်လွတ်မြောက်သွားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) လမျက်နှာပြင်အား ကမ္ဘာမှ အနီးဆုံး မြင်တွေ့ရမည့် စူပါမွန်း(Supermoon) ဖြစ်စဉ်ကြောင့် ၃ ရက်အတွင်း သဘာဝဘေး များအား သတိပြုရန် လိုအပ်ကြောင်း နက္ခတ် သိပ္ပံ ပညာရှင် ဦးဇေယျာကိုက ဆင်ဟွာသို့ယနေ့နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်း လပြည့်နေ့)တွင် ပြောကြားခဲ့သည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ နာမည်ကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် ဗြိတိသျှရုပ်ရှင်တည်းဖြတ်သူ Anne V.Coates ၊ အမေရိကန် ဒါရိုက်တာ Lynn Stalmaster နှင့် အမေရိကန်မှတ်တမ်းရုပ်ရှင်ထုတ်လုပ်သူ Frederick Wiseman တို့နှင့်အတူ ၎င်းတို့၏ ဘဝတစ်သက်တာ ရုပ်ရှင်ရိုက်ကူးမှုတွင်ပါဝင်ခဲ့သည်ကို ဂုဏ်ပြုသောအားဖြင့် အော်စကာရုပ်ရှင်အကယ်ဒမီဂုဏ်ပြုဆုကို...
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ) မြန်မာ(၁၂)လရာသီတွင် တန်ဆောင်မုန်းလ သည် ၈ လ မြောက်(အဋ္ဌမမြောက် လ)ဖြစ်ပြီး ထင်ရှားသော ပွဲတော်တစ်ခုမှာ ကထိန်ပွဲခင်းခြင်း(ဝါ) ကထိန် သင်္ကန်း ကပ်လှုသည့် ကထိန်ပွဲများအား ကျင်းပ ဆင်နွဲကြသည်။ ကထိန်ရာသီ တန်ဆောင်မုန်းလ၏ ရာသီပန်းမှာ ခဝဲပန်း ဖြစ်ပြီး...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူး ကျင်းပသော (၃၂)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ ကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အောင်မြေနေရာတွင် နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီမှ စတင် ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)...
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် ကမ်းနားလမ်းညဈေးကို နိုဝင်ဘာ ၂၁ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ သစ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်သည် Republican National Committee (RNC) ဥက္ကဋ္ဌ Reince Priebus အား အိမ်ဖြူတော်ဝန်ထမ်းအရာရှိချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာလ ၁၃ ရက်က ထုတ်ပြန်သော တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အန်ကာရာ၊ နိုဝင်ဘာ ၁၄ရက် (ဆင်ဟွာ) တူရကီသမ္မတ Recep Tayyip Erdoganက အမေရိကန်နိုင်ငံ သမ္မတ အဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် အား တူရကီနိုင်ငံသို့ လာရောက်ရန် ဖုန်းဖြင့် ဖိတ်ခေါ်ခဲ့ကြောင်း ပြည်တွင်းနေ့စဉ် သတင်းစာ Hurriyet က နိုဝင်ဘာ ၁၃ရက် တွင် သတင်းဖော်ပြခဲ့သည်။