Connect with us

Social

ကမ်းနားလမ်းညဈေး နိုဝင်ဘာ ၂၁ ရက်တွင် ဖွင့်လှစ်သွားမည်

ရန်ကုန်မြို့ရှိ ညဘက်တွင်ရောင်းချနေသည့်ဈေးတန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- M.O.I)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင် ကမ်းနားလမ်းညဈေးကို နိုဝင်ဘာ ၂၁ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လမ်းဘေးဈေးသည်များအား စည်းကမ်း တကျဖြစ်ဖြစ်စေရန် ကမ်းနားလမ်း တစ်လျှောက် ညဈေးတန်းအဖြစ် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းမှစ၍ ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ဆိုင်ခန်းပေါင်း ၅ဝဝဝ ကျော်ရှိကြောင်း၊ အဆိုပါ ဆိုင်ခန်းအားလုံးအား စည်းကမ်း တကျ ရောင်းချခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဓိကလမ်းလေးလမ်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလ လမ်းနှင့် ကုန်သည်လမ်းများမှ လမ်းဘေးဈေး သည်များအား ကမ်းနားလမ်းသို့ပြောင်းရွှေ့ကာ ညဈေးတန်း အဖြစ်ဖွင့်လှစ်ရန်စီစဉ်ခြင်းဖြစ်ကြောင်း၊ စာရင်းကောက်ယူထားသောဆိုင်များကို ဆိုင်ခန်းများနေရာချထားရာတွင် မြို့နယ်အလိုက် ချထားပေး မည် ဖြစ်ကြောင်း၊ ကျောက်တံတားမြို့နယ်တွင် ရောင်းချသူများသည် ကျောက်တံတားဧရိယာနှင့် သက်ဆိုင်သောကမ်းနားလမ်း တွင် ရောင်းချခွင့်ပေး မည်ဖြစ်ကြောင်း၊ အလားတူ ပန်းဘဲတန်း၊ လသာ အစရှိသဖြင့် မြို့နယ်အလိုက် မူလတည်ရှိနေသော မြို့နယ်၏ကမ်းနားလမ်းတွင်သာ ရောင်းချ ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းများကို ကမ်းနားလမ်းတွင် ရှစ်ပေပတ်လည်နှင့် (၈x၄)ပေ ဆိုင်ခန်းများ သတ်မှတ်ပေးထားကြောင်း၊ ဆိုင်ခန်းများ မီးအလင်းရောင်ကောင်းစွာရရှိစေရန်Area Lamp မီးတိုင်ကြီး အတိုင် ၄ဝ လည်း စိုက်ထူပေးထားပြီဖြစ်ကြောင်း၊ ရေလိုအပ်သော ဆိုင်များအတွက်လည်း စီစဉ်ထား ပြီဖြစ်ကြောင်း၊ Mobile Toilet များလည်း ဆောက် လုပ်နေပြီဖြစ်ကြောင်း ဈေးရောင်းသူများအနေဖြင့် ညနေပိုင်းမှစတင်ကာ ည ၁၁ နာရီ ခွဲဝန်းကျင်အထိ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းပြီးပါက မိမိဆိုင်အမှိုက် မိမိသိမ်းဆည်းခဲ့ရမည်ဖြစ်ကြောင်း၊ အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပတ်ဝန်းကျင်ရေးရာဌာနက သိမ်းဆည်းကာ ရေဆေးရှင်းလင်းမှုများ နေ့စဉ် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် အခြားသောမြို့နယ် နှင့် လမ်းကြားဈေးသည် များကို လည်း မြေလွတ်ရှိသော အခြေ အနေပေးသည့်နေရာများတွင် ပြောင်းရွှေ့ကာ ညဈေးတန်း များ အဖြစ် ပြောင်းရွှေ့ ဖွင့်လှစ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.