Connect with us

Europe

တူရကီနိုင်ငံသို့ လာရောက် ရန် ဒေါ်နယ်ထရမ့်အား တူရကီသမ္မတ ဖိတ်ခေါ်

တူရကီသမ္မတ Recep Tayyip Erdogan အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ နိုဝင်ဘာ ၁၄ရက် (ဆင်ဟွာ)

တူရကီသမ္မတ Recep Tayyip Erdoganက အမေရိကန်နိုင်ငံ သမ္မတ အဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် အား တူရကီနိုင်ငံသို့ လာရောက်ရန် ဖုန်းဖြင့် ဖိတ်ခေါ်ခဲ့ကြောင်း ပြည်တွင်းနေ့စဉ် သတင်းစာ Hurriyet က နိုဝင်ဘာ ၁၃ရက် တွင် သတင်းဖော်ပြခဲ့သည်။

တူရကီသမ္မတ Recep Tayyip Erdoganက သည် ဘယ်လာရုစ်နိုင်ငံ မှ တစ်ရက်ကြာ ခရီးစဉ် အပြီး တူရကီနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ၎င်းက ထရမ့် သမ္မတအဖြစ်ရွေးကောက်ခံရသည့် ည၌ဖုန်းဖြင့် ဂုဏ်ပြုစကားပြောခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

တူရကီသမ္မတက ထရမ့်သည် ၂၀၁၇ခုနှစ် ဇန်နဝါရီ ၂၀ရက်တွင် သမ္မတတာဝန်လွှဲပြောင်းယူမည်ဖြစ်ပြီး အဆိုပါရက်မတိုင်ခင် ၎င်းနှင့် တွေ့ဆုံနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက “တူရကီနိုင်ငံသာ ထရမ့်ပထမဆုံး လာရောက်သည့် နိုင်ငံခြားခရီးစဉ် ဖြစ်ပါက ကျွန်တော်တို့အနေနဲ့ ကျေနပ်အားရမှုဖြစ်မိမှာပါ” ဟုပြောကြားခဲ့သည်။ ထို့အပြင် ထရမ့် က အပြုသဘောဆောင်သည့် တုံ့ပြန်မှုမျိုးဖြင့် ဖြေကြားခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Erdogan က တူရကီနိုင်ငံ နှင့် ရွေးကောက်ခံ အမေရိကန်သမ္မတတို့သည် ဆီးရီးယားရှိ လေယာဉ်ပျံသန်းမဲ့ဇုန် အရေးကိစ္စအပါအဝင် အီရတ်နှင့် ဆီးရီးယား အရေးကိစ္စများ အပေါ် တူညီသည့် အမြင်ဖလှယ်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.