ပေကျင်း ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ပြီးခဲ့သော ၅ နှစ်တာကာလအတွင်း နိုင်ငံရပ်ခြားတိုင်းပြည်များသို့သွားရောက်ခဲ့သည့် ခရီးစဉ်များသည် တရုတ်ပုံစံ အဓိက သံတမန်ဆက်ဆံရေး အခင်းအကျင်းတစ်ခုကို ပုံသွင်းဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ရှီသည် ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ “ သံတမန်အကြီးအကဲ” ဟူသော ခေါင်းစဉ်ဖြင့် ပြည်ပ ခရီးစဉ်ပေါင်း ၂၉...
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းတို့ အစိုးရအဖွဲ့၏ အာကာသရေးရာမူဝါဒ ပထမဆုံး ညွှန်ကြားချက်အဖြစ် လကမ္ဘာနှင့် အင်္ဂ ါဂြိုဟ်ပေါ်သို့ အာကာသယာဉ်မှူးများ ထပ်မံစေလွှတ်ရန် အမေရိကန် အာကာသလုပ်ငန်း NASA သို့ ညွှန်ကြားမှုအား ဒီဇင်ဘာလ ၁၁ ရက်က...
ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်အတွင်းရှိ လက်ဆောင်ယူကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာ များတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား ဇန်နဝါရီလအတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ အီရန် နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြင်းအား ၆.၀ အဆင့်ရှိသော ငလျင်...
ဆိုဖီယာ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နှင့် ထိစပ်နေသည့် ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ရှိ လီဆိုဗိုစစ်ဆေးရေးဂိတ်တွင် ဘူလ်ဂေးရီးယားအကောက်ခွန်အရာရှိများ သည် ဘိန်းဖြူ ၂၅.၆၆၆ကီလိုဂရမ် ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ နယူးယောက် မြို့ Manhattan တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နယူးယောက် မြို့တော်ဝန် Bill de...
ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ CSIS က ဆောက်လုပ်ပေးခဲ့သည့် နော်ဝေးနိုင်ငံရှိကမ္ဘာ့ပထမဆုံးအလိုအလျောက် ကမ်းလွန်ငါးဖမ်းစက်ရုံ မှာ အင်အားအလွန်ကြီးမားသည့် တိုင်ဖွန်းမုန်တိုင်းဒဏ်ကိုပင်ခံနိုင်ရည်ရှိစေရန် တည်ဆောက်ထားခြင်းဖြစ်သည်။ ၎င်းအား နော်ဝေးနိုင်ငံသို့ ယခုနှစ်စက်တင်ဘာလက လွှဲပြောင်းပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ငါးဖမ်းစက်ရုံမှတစ်ဆင့် ဆော်လမွန်ငါးကောင်ရေပေါင်း ၁.၁ မီလီယံကိုဖမ်းဆီးနိုင်ခဲ့သည်။(Xinhua)
ကွေ့ကျိုး၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းကွေ့ကျိုးတွင် မောင်းသူမဲ့ယာဉ်ပေါင်း ၁၁၈ဝစင်း ဖြင့် တရုတ်စာလုံးများ၊ အင်္ဂလိပ်စာလုံးများနှင့် ကောင်းကင်ပုံရိပ်ဖော်ခြင်းများကို ညီညီညာညာဖြင့် ရင်သပ်ရှုမောဖွယ်ပုံဖော်ခဲ့သည်။ မောင်းသူမဲ့ယာဉ်စုစုပေါင်း ၁၁၈ဝ စင်းဖြစ်ပြီး ၎င်းတို့တစ်စင်းချင်းစီ၏ အလေးချိန် မှာ ၁တန်ကျော်ရှိကာ ၎င်းတို့အားလုံးကို ကွန်ပျူတာတစ်လုံးနှင့် အင်ဂျင်နီယာ တစ်ဦးထဲမှ ထိန်းချုပ်မောင်းနှင်ပုံဖော်ခြင်းဖြစ်သည်။ (Xinhua)