နယူးယောက် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့သည့်အလှအပမြင်ကွင်းများကိုဆင်ဟွာသတင်းဋ္ဌာနမှ ရိုက်ကူးတင်ဆက်ထား ခြင်းဖြစ်ပါသည်။ (Xinhua)
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် သတ်မှတ်အရှိန်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၂၁,၂၅၂ စီးတို့အား ဖမ်းဆီး အရေးယူခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန...
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) လူသားမျိုးနွယ်စုအားလုံး၏ ရှေးအကျဆုံးဖြစ်သောရုပ်ကြွင်းကို တောင်အာဖရိကတိုက်ရှိ ဂျိုဟန်နက်စ်ဘာ့ဂ်ရှိ တက္ကသိုလ်တွင် ပြသထားကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်တွင် သေးငယ်သောခြေထောက်အရိုးရုပ်ကြွင်းငယ်ကလေးများကိုတူးဖော်ရရှိခဲ့ရာမှတစ်ဆင့် အဆိုပါ ရုပ်ကြွင်းကို little foot ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။ သက်တမ်းအားဖြင့် လွန်ခဲ့သည့် နှစ် သန်းပေါင်း ၃ သန်းကျော်ခန့်ကဟုယူဆရဖွယ်ရှိကာ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အနောက်ဘင်္ဂလားကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေအနီးမှ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ တွင် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေးနိုင်ရန် အဓိကကျသည့် လုံခြုံရေးအဆင့်မြှင့်တင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် မဲလ်ဘုန်းမြို့၌ ဒီဇင်ဘာ ၁၁ ရက်တွင် အသံချဲ့စက်များစွာ တပ်ဆင်နေကြောင်း သိရသည်။
တီဟီရန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီ က ဆော်ဒီအာရေဗီးယားနိုင်ငံအနေဖြင့် အစ္စရေးနိုင်ငံ နှင့် ဆက်ဆံရေးကို အဆုံးသတ်လိုက်ပါက အီရန်နိုင်ငံသည် ဆော်ဒီ နှင့် ချစ်ကြည်ရေးပြန်လည်တည်ဆောက်သွား မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားလိုက်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၂ဝ၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ကမ္ဘာလှည့် ဗီဇာဖြင့် ၂၉၈,၃၉၅ ဦးနှင့် လုပ်ငန်း ဗီဇာဖြင့် ၁၆ဝ,ဝ၇၇ ဦး ဝင်ရောက် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
Inexpressible ၊ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း တောင်ဝင်ရိုးစွန်းဒေသ (Antarctic)တွင် ၎င်းတို့၏ ၅ ခုမြောက် သုတေသနစခန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်နိုင်ခြေရှိသည့် ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံထောက်လှမ်းနိုင်ရန် ကိုရီးယားကျွန်းဆွယ် နှင့် ဂျပန်နိုင်ငံ အနီးရှိ ရေပြင်တွင် နှစ်ရက်ကြာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏...
ရှီချန်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေးဂြိုလ်တုဖြစ်သည့် Alcomsat-1 ကို သတ်မှတ် ဂြိုလ်ပတ်လမ်းကြောင်းအတွင်းသို့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်းဂြိုလ်တုလွှတ်တင်ရေးစင်တာ မှ ဒီဇင်ဘာ ၁၁ ရက် အစောပိုင်းတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။