Connect with us

Science & Technology

တောင်ဝင်ရိုးစွန်းဒေသ၌ တရုတ်နိုင်ငံ၏ ၅ ခုမြောက် သုတေသနစခန်းဖွင့်ရန် ပြင်ဆင်နေ

တောင်ဝင်ရိုးစွန်းဒေသ၌ သုတေသန သွားရောက် ပြုလုပ်နေသော တရုတ် သုတေသနအဖွဲ့ အားတွေ့ ရစဉ်(ဆင်ဟွာ)

Inexpressible ၊ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လာမည့် ၅ နှစ်အတွင်း တောင်ဝင်ရိုးစွန်းဒေသ (Antarctic)တွင် ၎င်းတို့၏ ၅ ခုမြောက် သုတေသနစခန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၉ ရက် ၊ ၁ဝ ရက် များတွင် တောင်ဝင်ရိုးစွန်းဒေသ Ross ပင်လယ်၏ Terra Nova ပင်လယ်ကွေ့Inexpressible ကျွန်းပေါ်ရှိ အလေးချိန် ၂၅ဝ တန် ရှိသော သုတေသနဆိုင်ရာ ပစ္စည်းများကို စခန်းသစ် ဖွင့်မည့် နေရာသို့ပို့ဆောင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ တောင်ဝင်ရိုးစွန်းဒေသ သုတေသန လုပ်ငန်းအတွက် တည်ဆောက်ထားသော မဟာတံတိုင်းကြီး( Great Wall ) နှင့် Zhongshan စခန်း နှစ်ခုမှာ မတူခြားနားသော လားရာများဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး တစ်ခုမှာ အတ္တလန်တိတ်သမုဒ္ဒရာ နှင့် အခြားတစ်ခုမှာ အိန္ဒိယသမုဒ္ဒရာ ဘက်ဆီသို့အသီးသီး ဦးတည်၍ သုတေသန လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.