Connect with us

Social

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့်များ၂၀၁၇ နိုဝင်ဘာလ အထိ ၃ သိန်းဝန်းကျင်ဝင်ရောက်ခဲ့

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်၊ လ အလိုက် နိုင်ငံခြားသား ဗီဇာဖြင့် ဝင်ရောက်မှုအခြေအနေ နှိုင်းယှဉ်ချက်ဇယား အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ ကမ္ဘာလှည့် ဗီဇာဖြင့် ၂၉၈,၃၉၅ ဦးနှင့် လုပ်ငန်း ဗီဇာဖြင့် ၁၆ဝ,ဝ၇၇ ဦး ဝင်ရောက် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း သို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်၊ ထွက်ပေါက်များမှ ပြည်ဝင် ဗီဇာ(ကမ္ဘာလှည့်)နှင့် ပြည်ဝင်ဗီဇာ (လုပ်ငန်း)တို့ဖြင့် ဝင်ရောက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဧပြီလမှ နိုဝင်ဘာလ အထိ ကမ္ဘာလှည့်ဗီဇာဖြင့် ၂၉၇,၆၇၆ ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများသည် သဘာဝတောတောင်၊ ရေ၊ မြေ၊ ရာသီ ဥတုသာယာမှု၊ သဘာဝရှုခင်းများ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အဆောက်အအုံ၊ ဘုရားပုထိုးစေတီများ၊ လူမျိုးစုများ၏ မတူညီသော ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ကမ်းခြေများ၊ ကျွန်းစုများ၊ သဘာဝ ရေချိုအိုင်ကြီးများနှင့် သဘာဝဘေးမဲ့ တောများနှင့် တောတိရ္ဆာန်များ စသည့် နေရာများသို့ သွားရောက်လေ့လာလို၍ လာရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.