ဒမတ်စကပ်စ်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့စွန် ရှိ ဆီးရီးယားစစ်အခြေစိုက်စခန်းတစ်ခုအား ဒီဇင်ဘာ ၄ ရက်တွင် အစ္စရေးနိုင်ငံက ဒုံးကျည်ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဋ္ဌာန SANA ကဖော်ပြခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့သည် ရာသီဥတုပြောင်းလဲခြင်း နှင့် အစိမ်းရောင်ဖွံ့ဖြိုးရေး ဆိုင်ရာ သဘောတူညီမှုပူးတွဲကြေညာချက်ကို ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံဝန်ကြီးချုပ် နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် တို့အကြား ဒုတိယအကြိမ်မြောက် နှစ်စဉ်...
ဟာလာရီ ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ဇင်ဘာဘွေ နိုင်ငံ ၏ အစိုးရအဖွဲ့ သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကို ဒီဇင်ဘာ ၄ ရက်နေ့၌ မြို့တော် ဟာလာရီ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဇင်ဘာဘွေ နိုင်ငံ သမ္မတ...
နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အသက် ၇၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံ၏ ဂန္တဝင်မင်းသားကြီး နှင့် ဝါရင့် နာမည်ကျော် ဘောလီးဝုဒ် သရုပ်ဆောင် ရှာရှီကာပူး(Shashi Kapoor) သည် ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုဝင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊စည်းကမ်းများနှင့် နည်းဥပဒေများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA (အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့) တို့မှပေါင်းစပ်ပြီး ရေးဆွဲဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ဝူးကျိန့်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် ဝူးကျိန့်( Wuzhen) မြို့၌ ၄ ကြိမ်မြောက် ကမ္ဘာ့အင်တာနက်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် Wuxi ရှိ တရုတ်နိုင်ငံ အမျိုးသား...
ကျင်းဟိုင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျင်းဟိုင်-တိဘက်ဒေသတွင် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့တိုက်ခိုက်ရေး ရဟတ်ယာဉ်အမျိုးအစားများဖြစ်သည့် AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်၊ XM20 multi-rotor အမျိုးအစားမောင်းသူမဲ့ယာဉ်ပျံငယ် စသည့်ယာဉ်များကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့သည်။ AV500W အမျိုးအစား မောင်းသူမဲ့တိုက်ခိုက်ရေးရဟတ်ယာဉ် ကို ပင်လယ်ရေမျက်နှာမြင်အထက် အမြင့်ပေ ၄၃ဝဝ မီတာတွင် အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်...
ကာဆင်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကာဆင်တွင် ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံကို နိုဝင်ဘာလ၂၉ ရက်နေ့ က ဖွင့်လှစ်ခဲ့သည်။ ၎င်းမှာ တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ(CPEC) ၏ အဓိက ကျသော စွမ်းအင်ထုတ်ယူသုံးစွဲနိုင်မှုဆိုင်ရာဒုတိယမြောက်စီမံကိန်းလည်းဖြစ်သည်။ ထိုစက်ရုံမှ တစ်ဆင့် ပါကစ္စတန် ပြည်သူများအား လျှပ်စစ်စွမ်းအင်ကို ဈေးသက်သာစွာဖြန့်ဖြူးနိုင်တော့မည်ဖြစ်သည်။ ၎င်းမှာ တရုတ်နှင့်...
ရှန်ကျန်း၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ရှန်ကျန်းရှိ ဖူထျန့် လွတ်လပ်သောကုန်သွယ်မှုဇုန်တွင် မောင်းသူမဲ့ဘတ်စ်ကားများ စမ်းသပ်ပြေးဆွဲခဲ့သည်။ ကားတွင်ဆင်ဆာမီးလုံးများတပ်ဆင်ထားခြင်းကြောင့် အတားအဆီးအဟန့်အတားများကိုအာရုံခံနိုင်စွမ်းရှိကာ ကင်မရာ ပါဝင်မှုကြောင့် လမ်းများကိုခွဲခြားမှတ်သားထားနိုင်သည်။ မောင်းသူလုံးဝလိုက်ပါခြင်းမရှိဘဲ အလိုအလျောက်လမ်းကြောင်းပြောင်းခြင်း၊ ဘရိတ်အုပ်ခြင်းများနှင့်သတ်မှတ်ထားသည့် မှတ်တိုင်များတွင်ရပ်ပေးခြင်းများကိုဆောင်ရွက်နိုင်ကာ စီးနင်းသူများအနေဖြင့်လည်း မိမိတို့၏ လက်ကိုင်ဖုန်းများမှ တစ်ဆင့်ငွေပေးနိုင်သည်။ အနာဂတ်တွင် မောင်းသူမဲ့ဘတ်စ်ကားများပိုမိုတွင်...
အန်ကာလာ ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တူရကီ-ဆီးရီးယား နယ်စပ် ဒေသရှိ စစ်ဆေးရေး ဂိတ် တစ်ခု အနီးတွင် ဒီဇင်ဘာ ၃ ရက်နေ့၌ ယာဉ် တိုက်မှုဖြစ်ပွား ခဲ့ရာ ဘတ်စ်ကားငယ် တစ်စင်း ပေါ်ရှိ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ပြီး...