ဝါရှင်တန်/နယူးယောက် ၁ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော ပစ္စည်းများကို တရုတ်နိုင်ငံဈေးကွက်သို့တင်ပို့ရာတွင် နှစ်နိုင်ငံအကြား ပေါင်းကူးစြင်္က ံတစ်ခုအဖြစ် အကူအညီပေးရန်အတွက် တရုတ်နိုင်ငံ၏ အီ-ကုန်သွယ်ရေး(e-commerce)အကြီးဆုံးလုပ်ငန်းစု အလီဘာဘာ(Alibaba)ကုမ္ပဏီ၏ ဥက္ကဋ္ဌ နှင့် တည်ထောင်သူ ဂျက်မား Jack Ma နှင့် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ပြင်သစ်နိုင်ငံသား အယ်လ်နီကင် ဖက်ဒရစ် (Anikine Frederic) ကို မြန်မာ့လက်ရွေးစင် ယူ-၁၄ အသင်း၏ ဂိုးနည်းပြနှင့် လက်ထောက်နည်းပြအဖြစ် တစ်နှစ် စာချုပ် ချုပ်ဆို ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် တွင်၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတိုင်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှင့် စီးပွားရေးတည်ငြိမ်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေးကော်မရှင် (၁/၂၀၁၇) အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင့်ယွီထိုင် (Diao Yu Tai ) နိုင်ငံတော် ဧည့်ဂေဟာ တွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ...
ဝါရှင်တန်၊ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်စစ်သင်္ဘောတစ်စင်းက အီရန်သင်္ဘောများအား Hormuz ရေလက်ကြားအနီး၌ ဇန်နဝါရီလ ၉ ရက်တွင် သတိပေး ပစ်ခတ်မှုများပြုလုပ်ခဲ့ရကြောင်း အမေရိကန်ပြည်တွင်းသတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။
ဇူးရစ် ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ် အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်သော ဖီဖာအကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ခရစ်တီယာနို ရော်နယ်ဒိုသည် အနီးကပ်ပြိုင်ဘက် လီယိုနယ် မက်ဆီ နှင့် အန်တိုနီယို ဂရေ့ဇ်မမ်း တို့အားကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိတို့ အစိုးရသစ်လက်ထက်တွင် ပထမဆုံးရေးဆွဲ ထားသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းကို ပြည်ထောင်စုလွှတ်တော်သို့ မတင်သွင်းမီ ချပြညှိနှိုင်းကာ စီမံကိန်းကော်မရှင်တွင် အတည်ပြုချက်ရယူမည့် အစည်းအဝေးကို ယနေ့ဇန်နဝါရီ ၉ရက်၌ နေပြည်တော် သမ္မတအိမ်တော်တွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) လက်ရှိပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ထိန်းချုပ်လျက်ရှိသည့် မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ( မ.ထ.သ )ကို ဇန်နဝါရီလ ၁၆ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး စတင်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသစ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု...
ရှီချန်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမှတ် (၂) တယ်လီကွန်းနည်းပညာ စမ်းသပ် ဂြိုဟ်တုသစ်တစ်လုံးအား နိုင်ငံ၏ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ ဇန်နဝါရီ ၅ရက် ညပိုင်းတွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်တုအား ဒေသစံတော်ချိန် ည...
ကူမင်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အရှည်လျားဆုံးမြန်နှုန်းမြင့် မီးရထားခရီးလမ်း စတင်ပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး ကူမင်မြို့မှ ပေကျင်းမြို့သို့စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ G405/6 မြန်နှုန်းမြင့်ရထားကို ရှန်ဂရီလာကမ္ဘာကြီး “ Shangri-La...