Connect with us

Europe

၂ဝ၁၆ ခုနှစ် ဖီဖာ အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ရော်နယ်ဒို ဆွတ်ခူး


ဇူးရစ် ၊ ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်ချီးမြှင့်သော ဖီဖာအကောင်းဆုံးအမျိုးသားဘောလုံးသမားဆုကို ခရစ်တီယာနို ရော်နယ်ဒိုသည် အနီးကပ်ပြိုင်ဘက် လီယိုနယ် မက်ဆီ နှင့် အန်တိုနီယို ဂရေ့ဇ်မမ်း တို့အားကျော်ဖြတ်၍ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ရော်နယ်ဒိုသည် ၂၁၀၆ ခုနှစ်အတွက် ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြှင့်သော FIFA Ballon d’Or ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ပေးအပ်သည့် ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို ၂ဝဝ၉ ခုနှစ်ကတည်းက နောက်ဆုံးအကြိမ် ဆွတ်ခူးရရှိထားသူဖြစ်သည်။ပြီးခဲ့သော ၂ဝ၁၆ ခုနှစ်ဘောလုံးရာသီတွင် ရော်နယ်ဒိုသည် ဥရောပဖလားဗိုလ်လုပွဲတွင် အဆုံးသတ်ပင်နယ်တီ ဂိုး တစ်ဂိုးဖြင့် ရီယဲလ်မက်ဒရစ်အသင်းကို ချန်ပီယံဆု ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့ပြင် ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၁၆ ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယဂိုးအများဆုံးသွင်းပေးခဲ့သည့် ကစားသမားထက် ၇ ဂိုးပိုမိုသွင်းယူပေးနိုင်ခဲ့သည်။

၂ဝ၁၆ ခုနှစ် ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုအားတွေ့ရစဉ်(ဆင်ဟွာ)

၂ဝ၁၆ ခုနှစ် ဖီဖာအကောင်းဆုံး ဘောလုံးသမားဆုရှင် ရော်နယ်ဒိုအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ပေါ်တူဂီနိုင်ငံ လက်ရွေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုသည် ပြင်သစ်နိုင်ငံပဲရစ်မြို့၌ ကျင်းပခဲ့သော ယူရို ၂ဝ၁၆ ပြိုင်ပွဲတွင် ၎င်း၏ နိုင်ငံအသင်းအတွက် ပထမဆုံးအကြိမ် ဆုဖလားကြီးကို အရယူပေးခဲ့သည်။ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဘောလုံးအသင်းများအားလုံး၏ အသင်းခေါင်းဆောင်များ နှင့် နည်းပြများက ရွေးချယ်သော မဲအရေအတွက် ၅ဝ ရာခိုင်နှုန်းပါဝင်ပြီး ကျန် ၅ဝ ရာခိုင်နှုန်းမှာ အွန်လိုင်းမှ တဆင့် အများပြည်သူတို့ နှင့် ကမ္ဘာတစ်ဝန်းရှိ မီဒီယာပေါင်း ၂ဝဝ ကျော်တို့မှ မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုသည် ဖီဖာအကောင်းဆုံးဘောလုံးသမားဆုကို ၂ဝဝ၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။(XINHUA)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117