Connect with us

Videos

တရုတ်နိုင်ငံ၏ အရှည်လျားဆုံး မြန်နှုန်းမြင့် မီးရထားလမ်းပိုင်း စတင် ဖွင့်လှစ်

ကူမင်း ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အရှည်လျားဆုံးမြန်နှုန်းမြင့် မီးရထားခရီးလမ်း စတင်ပြေးဆွဲခြင်းဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး ကူမင်မြို့မှ ပေကျင်းမြို့သို့စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ G405/6 မြန်နှုန်းမြင့်ရထားကို ရှန်ဂရီလာကမ္ဘာကြီး “ Shangri-La of the world ” ဟု အမည်ပေးထားပြီး ကူမင်းမြို့မှ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ဝ၅ မိနစ်တွင် စတင်ထွက်ခွာခဲ့ ကြောင်းသိရသည်။

၎င်းရထားသည် ခရီးအကွာအဝေး ၂၇၆ဝ ကီလိုမီတာရှိသည့် ပေကျင်းမြို့သို့ရောက်ရှိရန် အများဆုံး ၁၃ နာရီခန့်သာကြာမြင့်ကြောင်း သိရသည်။ မြန်နှုန်းမြင့် ရထား၏ ဒုတိယတန်းထိုင်ခုံလက်မှတ် တစ်စောင်လျှင် အမေရိကန်ဒေါ်လာ ၁၆၆ ဒေါ်လာပေးဆောင်ရကြောင်း သိရသည်။

ယူနန်ပြည်နယ်အတွင်း ရှန်ဂရီလာမြို့ရှိ နာမည်ကျော် အပန်းဖြေစခန်းကို ကိုယ်စားပြု၍ ရထားအမည်ကို ရှန်ဂရီလာဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။

ရှန်ဂရီလာဟူသော အမည်သည် ဗြိတိသျှစာရေးဆရာ ဂျိမ်းဟီလ်တန်( James Hilton ) ၏ နာမည်ကျော် “ Lost Horizon” စာအုပ်တွင် ပထမဆုံး ရေးသားခဲ့သော အမည်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.