ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ ၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁,၁၁၇,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅,၈၅၀ ပြားနှင့် ဘိန်းဖြူ ၄၈၄ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်း ချန်းရှမြို့ တွင် တန် ၅ဝဝဝ အလေးချိန်ရှိသည့် ဟိုတယ်အဆောက်အဦ တစ်ခုလုံးကို ၃၅.၅၆ မီတာ အကွာအဝေးအထိ ပုံမပျက်စေဘဲ အလျားလိုက်ရွှေ့ပြောင်းခဲ့သည်။ ထိုသို့ရွှေ့ပြောင်းရာတွင် အချိန်အားဖြင့် နာရီ ၄ဝ ကျော်အတွင်း ဆက်တိုက်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါအဆောက်အဦမှာ သက်တမ်းအားဖြင့်...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တတိယမြောက် ခရီးသည်တင်ဂျက်လေယာဉ် C919 ရှေ့ပြေးပုံစံသည် ရှန်ဟိုင်းမြို့ရှိ ဖူတုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဒီဇင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ဆင်းသက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ပျံသန်းမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင်ထုတ်လုပ်သော အဆိုပါ ဂျက်လေယာဉ်မှာ နံနက် ၁၁း၀၀ နာရီတွင်...
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံ တန်ချိန် ၁၄ သိန်း ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်တေးသံရှင် လင်းရှောင်ချောင်(Xiaocao Lin) သည် တရုတ်နိုင်ငံ၏ စွဲမက်စရာကောင်းပြီး တုနှိုင်း မရသော ဂန္တဝင်ဂီတသံစဉ်များ နှင့် ကဗျာကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၅ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အန်ကာရာမြို့တွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကင်ရှာဆာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း South-Kivuပြည်နယ်ရှိ ရွေးကောက်ပွဲမဲရုံတစ်ခုတွင် ဒီဇင်ဘာ ၃၀ ရက်က အရပ်သားနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်အကြား ပဋိပက္ခဖြစ်ပွားရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် (IEC) သည် နိုင်ငံ၏ လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ကျင်းပမည့် ရက်အသစ်ကို ဇူလိုင် ၂၀ရက် အဖြစ် သတ်မှတ်ခဲ့ကြောင်း IEC တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
မနီလာ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုနှင့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ သည် ၅၀ဦးအထိ မြင့်တက်လာကြောင်း အစိုးရသဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာ ၃၀ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) နိုင်ငံပေါင်း ၁၁ နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည့် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက် (CPTPP)သည် ဒီဇင်ဘာ ၃၀ ရက်တွင် တရားဝင် စတင် အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။