Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ အား ဖမ်းဆီး

တူရကီ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့တွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယခုဖမ်ဆီးခံထားရသူများမှာ IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်မှုရှိသည့် နိုင်ငံခြားသားများဖြစ်ကြောင်း ၊ ၎င်းတို့သည် နှစ်ကူးညတွင် အန်ကာရာ၌အကြမ်းဖက်တိုက်ခိုက်ရန် တိတ်တဆိတ်စီစဉ်နေခြင်း ဖြစ် ကြောင်း ၊ ရဲဘက်မှ လျှပ်တစ်ပြက်ဝင်ရောက်ဖမ်းဆီးရာတွင် တရားမဝင် စာရွက်စာတမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း Anadolu သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။

ယခုလ ၂၈ ရက်က အန်ကာရာရဲတပ်ဖွဲ့၏လှုပ်ရှားမှုတစ်ခုတွင်လည်း ISအစွန်းရောက်အဖွဲ့နှင့်ဆက်စပ် နေသည်ဟု သံသယရှိသူ အီရတ်နိုင်ငံသား ၅၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်များတွင် တူရကီနိုင်ငံ၌ IS အစွန်းရောက်များ၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြောင်း တူရကီနိုင်ငံအစိုးရကဆိုသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက IS အစွန်းရောက်လက်နက်ကိုင်တစ်ဦးသည် အစ္စတန်ဘူလ်မြို့လယ်ရှိ နိုက်ကလပ်တစ်ခုတွင် နှစ်သစ်ကူးပျော်ရွှင်ပွဲကျင်းပနေသည့် လူအုပ်အား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူ ၃၉ ဦး သေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.