ဘန်ကောက်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သူများကို မကြာသေးမီက ရဲတပ်ဖွဲ့က ထိထိရောက်ရောက်နှိမ်နင်းခဲ့ရာ လူ ၆၆၇ ဦး အဖမ်းခံခဲ့ရကြောင်း ရဲဗိုလ်ချုပ်က ဒီဇင်ဘာ ၁၄ ရက်က ပြောကြားလိုက်သည်။
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) နီပေါနိုင်ငံသို့ တစ်နှစ်အတွင်းလာရောက်လည်ပတ်သည့်ကမ္ဘာလှည့်ခရီးသွားဦးရေမှာ တစ်သန်းကျော် အထိပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် မကြုံတွေ့ခဲ့ရဘူးသည့်တိုးတက်မှုပင်ဖြစ်ကြောင်း နီပေါကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့(NTB) ကဒီဇင် ဘာလ ၁၄ ရက်ကပြောခဲ့သည်။
ကွီတို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ အရှေ့တောင်ဘက် ကွန်နိုကိုတိုမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ECU-911 အရေးပေါ်ဝန်ဆောင်မှု ပေါင်းစည်းရေးစနစ်က ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၏ ဖိတ်ကြားချက်ဖြင့် ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်အတွင်း လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဒီဇင်ဘာလ...
ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် ဆက်နွယ်သည်ဟု ယူဆရသော စစ်သား အနည်းဆုံး ၂၁၉ ဦးကို ဖမ်းဆီးရန် တူရကီအာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ကြိုးတံတား ကျိုးကျပျက်စီးခဲ့မှုကြောင့် ဒေသခံခရီးသွားပြည်သူများ၊ကုန်ကူးသန်းရောင်းဝယ်သွားလာမှု၊ လုပ်ငန်းအစဉ်ပြေချောမွေ့ စွာ သွားလာနိုင်ရေးနှင့်ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့်တပ်မတော်ရေ မှ ဇက်ကူးတို့ရေယာဉ်များကို အဆိုပါမြောင်းမြ တံတားသစ်စီမံကိန်းပြီးစီးရန် လျာထားသတ်မှတ်ထားသည့် ၂၀၁၉ ခုနှစ် မတ်လ ကုန်ထိတိုင် ပြေးဆွဲပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်း ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှုးမြို့နယ်တို့၌ ဘိန်းခင်းများဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆင်ဟွာသတင်းအေဂျင်စီနှင့် Agence France-Press (AFP) တို့သည် ဗီဒီယိုနှင့် မီဒီယာသစ် အပါအဝင် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန် ဒီဇင်ဘာလ ၁၃ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။