Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် မအောင်မြင်ခဲ့သော စစ်အာဏာသိမ်းမှုအတွင်း စစ်သား ၂၁၉ ဦးကို လိုက်လံဖမ်းဆီး

တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က စစ်တပ်အာဏာသိမ်းရန်ကြိုးစားခဲ့စဉ်က မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် ဆက်နွယ်သည်ဟု ယူဆရသော စစ်သား အနည်းဆုံး ၂၁၉ ဦးကို ဖမ်းဆီးရန် တူရကီအာဏာပိုင်များက ဒီဇင်ဘာလ ၁၄ ရက်က ဝရမ်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ သံသယရှိသူများအားလုံးသည် လက်ရှိတာဝန်ထမ်းဆောင်နေသူများဖြစ်ပြီး ဗိုလ်မှူးကြီး လေးဦးလည်း ပါဝင်ကြောင်း NTV အသံလွှင့်ဌာနက ဖော်ပြထားသည်။

အစ္စတန်ဘူလ်တွင် ပြည်သူ့ရှေ့နေချုပ်ရုံးမှ ထို သံသယရှိသူများအားဖမ်းဆီးရန် ညွှန်ကြားချက်များ ထွက်ပြီးနောက် တစ်ပြိုင်နက် ရဲတပ်ဖွဲ့က စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည်။

အမေရိကန် အခြေစိုက် တူရကီဘုန်းတော်ကြီး ဖာသူလာဂူလန်နှင့် ၎င်း၏ကွန်ရက်က ၂၀၁၆ ခုနှစ် ဇူလိုင်လက မအောင်မမြင်ဖြစ်ခဲ့သည့် အာဏာသိမ်းမှုအား ကြိုးကိုင်ခဲ့သည်ဟု တူရကီ အစိုးရက စွပ်စွဲအပြစ်တင်ထားသည်။

မကြာသေးမီ ရက်များအတွင်း ဂူလန်လှုပ်ရှားမှုနှင့် ချိတ်ဆက်မှုရှိကြောင်း စစ်ဘက်ဆိုင်ရာ သံသယရှိသူများအပေါ် အပြင်းအထန် စစ်ဆင်ရေးလုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.