Connect with us

Asia

နီပေါသို့ ကမ္ဘာလှည့်ခရီးသွားများပထမဆုံးအကြိမ် တစ်သန်းကျော်ရောက်ရှိ။

ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်အသိအမှတ်ပြုထားသော ခတ္တမန္ဒူမြို့တော်ရှိ ဟာနူမန်ဒိုကာ ဒါဘာ(Hanumandhoka Durbar Square) ရင်ပြင်တွင် ကမ္ဘာလှည့်ခရီးသွားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသို့ တစ်နှစ်အတွင်းလာရောက်လည်ပတ်သည့်ကမ္ဘာလှည့်ခရီးသွားဦးရေမှာ တစ်သန်းကျော် အထိပထမဆုံးအကြိမ်အဖြစ်ရောက်ရှိလာခဲ့ရာ ၂၀၁၈ ခုနှစ်တွင်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် မကြုံတွေ့ခဲ့ရဘူးသည့်တိုးတက်မှုပင်ဖြစ်ကြောင်း နီပေါကမ္ဘာလှည့်ခရီးသွားဘုတ်အဖွဲ့(NTB) ကဒီဇင် ဘာလ ၁၄ ရက်ကပြောခဲ့သည်။

NTB ၏ပြောကြားချက်အရ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီမှ နိုဝင်ဘာလအထိ နီပေါနိုင်ငံသို့လာရောက် သည့်ကမ္ဘာလှည့်ခရီးသွားဦးရေမှာ ၁,၀၀၁,၉၃၀ ဦးရှိခဲ့ရာ၂၀၁၇ ခုနှစ်အလားတူအချိန်ကထက် ၁၇ ရာ ခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါစာရင်းဇယားများတွင် ၂၀၁၇ ခုနှစ်အောက်တို ဘာလနှင့်နိုဝင်ဘာလများအတွင်းက နီပေါသို့ကုန်းလမ်းဖြင့်ရောက်ရှိလာသည့်နိုင်ငံခြားဧည့်သည်များ အရေအတွက ်မပါဝင်ကြောင်းသိရသည်။ ၂၀၁၇ ခုနှစ်က နီပေါသို့ ကမ္ဘာလှည့်ခရီးသွား ၉၄၀,၂၁၈ ဦး လာရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

NTB ၏အမှုဆောင်အရာရှိချုပ် ဒီပက်ရာ့ဂျ် ဂျိုရှီ ကကမ္ဘာလှည့်ခရီးသွားများသွားရောက်လည်ပတ်ရန် နေရာအများအပြား ပိုင်ဆိုင်ထားမှုက ခရီးသွားလုပ်ငန်းတိုးတက်မှုကို အထောက်အကူပေးခဲ့ခြင်းဖြစ် ကြောင်း၊နီပေါအနေဖြင့် နိုင်ငံ၏ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှစ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် “Visit Nepal Tourism Year 2020” ကိုဆင်နွှဲသွားမည်ဖြစ်ရာ ယခုနှစ်တိုးတက်မှုက ထင်ရှားသောအမှတ် အသားတစ်ခုလည်းဖြစ်ကြောင်းပြောခဲ့သည်။နီပေါသို့လာရောက်လည်ပတ်သည့်ခရီးသွားများတွင် အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံ တို့မှအများဆုံးဖြစ်ပြီး ၂၀၁၈ ခုနှစ်၏ ၁၁ လတာကာလအတွင်း အိန္ဒိယနိုင်ငံသား ၂၆၀,၁၂၄ ဦးနှင့် တရုတ်နိုင်ငံသား ၁၃၄,၃၆၂ ဦးတို့ လာရောက်လည်ပတ်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.