နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ရုတ်တရက် အိတ်ချ်အိုင်ဗီ (HIV) ကူးစက်ခံရသူများအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ လူနာများအား ဆေးထိုးအပ် တစ်ချောင်းထဲဖြင့် ဆေးထိုးပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
နန်ကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကုမ္ပဏီ ၁၂ ခုက အဘူဒါဘီတွင် ခေတ်သစ်ပိုးလမ်းမကြီးနှင့်ဆက်စပ်စီမံကိန်း တစ်ခု၌ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ အလုပ်အကိုင် ၂၀၀၀ ကျော်ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ ဖေဖော်ဝါရီ ၇ရက်တွင် ဂျစ်ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ရန်ကုန်မြို့ ဂျန်းရှင်းစကွဲ၌ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် တရုတ်နှစ်သစ်ကူး ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရိုးရာ ခြင်္သေ့ အက နှင့် နဂါးအကများကို တင်ဆက်ကပြခဲ့ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး ” တရုတ်ခြင်္သေ့နဂါးအကရိုးရာယဉ်ကျေးမှုကို ပြသချင်လို့ပါ”...
ကွမ်ကျိုး၊ဖေဖော်ဝါရီ ၇ရက်(ဆင်ဟွာ) ကမ္ဘာ့ပထမဆုံးခရီးသည်ပို့ဆောင်ပေးမည့် Drone Taxi များကို တရုတ်နိုင်ငံတွင် မကြာမီအသုံးပြု နိုင် တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ် ကွမ်ကျိုးအခြေစိုက် Ehang drone ကုမ္ပဏီက၎င်း၏ နောက်ဆုံးအဆင့်စမ်းသပ်ပျံသန်းမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကပြုလုပ်ခဲ့သည်။ Ehang 184 အမျိုးအစား ခရီးသည်တင် drone မှာ...
နေပြည်တော်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ကလေးမွေးဖွားခြင်းနှင့် မွေးဖွားပြီး ပထမ လအတွင်း အရေးပေါ် အခြေအနေများအတွက် ဆောင်ရွက် ချက်များနှင့် ကူညီပေးခြင်း လမ်းညွှန်ချက်များ ပါဝင်သည့် Safe Delivery App. အား စတင်မိတ်ဆက် သည့် အခမ်းအနားကို နေပြည်တော်၊ Kempinski Hotel...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ကျွန်းစု မြို့နယ်၌ နှစ် ၁၀၀ ခန့်သက်တမ်းရှိ ညောင်ပင်သည် လူနေအိမ် ပေါ်သို့လဲကျမှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီး ဌာနမှ...
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တီဘီရောဂါခံစားနေရသူ ယောက္ခမအား ဆေးကုသရန်အတွက် အိန္ဒိယ အခွံပျော့လိပ် အများအပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဘရက်ဆဲလ် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသို့ ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့အသီးသီးလာရောက်လည်ပတ်ခဲ့ပြီးချိန်တွင် နယ်သာလန်နိုင်ငံဘုရင်မင်းမြတ် ဝီလီယံ-အလက်ဇန္ဒား(Willem-Alexander) သည် ထီးနန်းဆက်ခံပြီးနောက် တရုတ်နိုင်ငံသို့၎င်း၏ ဒုတိယအကြိမ်မြောက်အလည်အပတ် ခရီးအစဉ်အဖြစ် ဖေဖော်ဝါရီ ၆ ရက်တွင် ထွက်ခွာလာခဲ့သည်။ တစ်လတာကာလအတွင်း အဆိုပါ ထိပ်သီးပုဂ္ဂိုလ်...
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ဖေဖော်ဝါရီလ ၆ ရက်က သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် သီးခြားစီဖြစ်ရပ်များတွင် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ ရုပ်မြင်သံကြားဋ္ဌာန GloboNews က သတင်းတင်ပြခဲ့သည်။