ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၈၃,၁၄၁ ဦး ဝင်ရောက်ခဲ့ကြောင်း ပြန်ကြးရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရာဇီးလီယာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၁၃ရက်တွင် မော်တော်ယာဉ်များစွာ ဆင့်ကဲတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၃၉ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် နိုင်ငံတကာဈေးကွက်သို့ တရားမဝင်ဖြန့်ချိမည့် ပါကစ္စတန်ရူပီး ၃.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၂သန်း) တန်ဖိုးရှိသော မူးယစ်ဆေးဝါး ၄၀၀ကီလိုဂရမ်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် Radio Pakistan က...
ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း၌ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၄ရက်နေ့ နံနက်ပိုင်းထိ အင်အားအနည်းငယ်ရှိ ငလျင် ၁၄ကြိမ်ထိ လှုပ်ခတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ကျိုချွမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကိုဖီသဲကန္တာရ ရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေး စင်တာက ပေကျင်းစံတော်ချိန် ဇန်နဝါရီ ၁၃ ရက် နေ့လည် ၃း၁၀နာရီတွင် မြေအရင်းအမြစ် ရှာဖွေဖော်ထုတ်ရေး ဂြိုဟ်တုတစ်လုံးအား သတ်မှတ်ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) မကြာသေးမီကပြုလုပ်ခဲ့သော တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံဆွေးနွေးပွဲက နှစ်ဖက်ပြဿနာရပ်အားလုံးကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ၊ အကယ်၍ နှစ်ဖက်စလုံးက ဖြေရှင်းလိုသော ဆန္ဒရှိပါက ဖြစ်နိုင်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီလ ၁၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လစ္စဘွန်း ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) ပေါ်တူဂီနိုင်ငံ မြောက်ပိုင်း၌ ဇန်နဝါရီလ ၁၃ ရက် ညပိုင်းတွင် နှစ်ထပ်တိုက်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈ ဦးသေဆုံးပြီး ၊ ၅ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ဗဟိုပြု၍ နောက်ဆက်တွဲ မြေငလျင် အဖြစ် အင်အား ရစ်(ခ်)တာ စကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ...
ချုံကျင်း၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကျင်းပြည်နယ်ရှိ ပါးရှန်ထူရထားလမ်းသွားတံတားသစ်ကြီး ကမ္ဘာ့စံချိန် ၃ ခုချိုးဖျက်မည်ဖြစ်ကြောင်းသိရသည်။ ထိုတံတားမှာ ယန်ဇီမြစ်ပေါ်တွင်တည်ဆောက်ထားခြင်းဖြစ်သည်။