နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အသိပညာများ ဆွေးနွေး ဖလှယ်ပေါင်းစပ်ကာ ကုထုံးများ ထုတ်ဖော်ကြရန် (၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့ နိုင်ငံတော် သမ္မတက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအတွက် စွမ်းဆောင်ရည်အကောင်းဆုံး အကူအညီများအား တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဇန်နဝါရီလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ဇန်နဝါရီလ ၁၂ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံက “တရုတ်- ကမ္ဘောဒီးယား ချစ်ခြင်းမေတ္တာခရီးစဉ် “ ဟုအမည်ပေးထား သောအစီအစဉ်အရနာတာရှည်နှလုံးရောဂါခံစားနေရသော ကမ္ဘောဒီးယားကလေးငယ် ၁၀၀ ကိုသုံးနှစ် အတွင်း အခမဲ့ခွဲစိတ်ကုသမှုပြုပေးမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားမှုကြောင့် လူသေဆုံးမှုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့...
ဖနွမ်းပင် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယား နိုင်ငံ ဘုရင် Norodom Sihamoni နှင့် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တို့က ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ဖနွမ်းပင် မြို့ရှိ ဘုရင်နန်းတော် တွင်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၏ ဝန်ကြီး နှစ်ဦးအား ယင်းတို့၏ သဘော ဆန္ဒ အလျောက် တိုင်းဒေသကြီး ဝန်ကြီးရာထူးမှ နုတ်ထွက် ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အမိန့်အမှတ်၊ ၄/၂၀၁၈ အား ဇန်နဝါရီ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၆.ဝ)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာစဉ်လာမပျက် ကျင်းပမည့် ဒသမအကြိမ်မြောက် ရထားဆွဲပွဲ တော်ကြီးကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၃၁ ရက်(တပို့တွဲလပြည့်နေ့)ထိ စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) မြန်မာ့ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင် စေရန် ရည်ရွယ် ကျင်းပသည့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား...
ကျန်းစု၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် တိုင်ဟူကန်ကြီး၏ အောက်ခြေမှ စတင်ကာ အရှည်ဆုံးရေအောက် အဝေးပြေးလမ်း စတင်ဖောက်လုပ်လျက်ရှိပြီဖြစ်သည်။ ၎င်းမှာ နိုင်ငံအတွင်းရေအောက်အဝေးပြေးလမ်းများ ထဲတွင် အရှည်ဆုံးနှင့်အကျယ်ဆုံးလမ်းဖြစ်မည်ဟုသိရသည်။ တစ်နာရီလျင်အမြန်နှုန်း ကီလိုမီတာ ၁ဝဝ အထိသွားလာနိုင်မည့်အဆိုပါအဝေးပြေးလမ်းကို ၂ဝ၂၁ ခုနှစ်တွင်ဖွင့်လှစ်မည်ဟု စီစဉ်ထားကြသည်။ ကန်အောက်ခြေတွင်ဖောက်လုပ်ရသောကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ကာဖောက်လုပ်မည်ဟုအင်ဂျင်နီယာများကဆိုသည်။ (Xinhua)