ဟောင်ကောင်၊နိုဝင်ဘာလ ၃၀ ရက်(ဆင်ဟွာ) ဟောင်ကောင်တွင်ဆန္ဒပြသမားများက ရက်သတ္တပတ် နှစ်ပတ်ခန့်အခိုင်အမာ စခန်းချခဲ့ကြသော ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်(Hong Kong Polytechnic University) ဝင်း အတွင်းအန္တရာယ်ရှိပစ္စည်းများအား ရဲတပ်ဖွဲ့ကနှစ်ရက်ကြာရှင်းလင်းမှုများပြုလုပ်ပြီးနောက်တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ခွင့်ပိတ်ဆို့ထားခြင်းအားရဲတပ်ဖွဲ့ကပြန်လည်ရုပ်သိမ်းကာ ဝင်းအတွင်းမှနိုဝင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာ၍တက္ကသိုလ်အုပ်ချုပ်ရေးကိုလည်းပြန်လည်လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။
တက္ကဆက်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည့်နယ်ရှိ နီချီးစ် ဆိပ်ကမ်း မြို့ တွင် နိုဝင်ဘာလ၂၇ ရက်က ဓာတုစက်ရုံတစ်ရုံ အဆက်မပြတ်ပေါက်ကွဲမှုများဖြစ်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိနေထိုင်သူ ၆၀,၀၀၀ ခန့်ကိုကယ်ဆယ်မှုပြုရန် အမိန့်ထုတ် ထားခဲ့ရကြောင်းသိရသည်။ ပေါက်ကွဲမှုများကြောင့် အလုပ်သမားသုံးဦး ဒဏ်ရာရ ပြီးဆေးရုံသို့ပို့ခဲ့ရ ပြီး ပေါက်ကွဲမှုမှအပျက်အစီး များကတစ်မြို့လုံးကိုကြီးမားသောထိခိုက်မှုများဖြစ်စေခဲ့သည်။ ဒုတိယ...
ရန်ကုန်၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အကြိမ်(၃၀)မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) တတိယနေ့ကို နိုဝင်ဘာ ၂၉ ရက် (ယနေ့) ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် တီမော အသင်းအား ၃-၁ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဒေသတွင်းလုံခြုံရေး ထိန်းသိမ်းရန် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာရေး နိုဝင်ဘာ ၂၈ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
မနီလာ၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အကြိမ် ၃၀ မြောက်အရှေ့တောင်အာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက် တွင် တရားဝင်ဖွင့်လှစ်မှုနှင့်အတူ နိုဝင်ဘာလ၏နောက်ဆုံးရက်သတ္တပတ်အကုန်၌ ဖိလစ်ပိုင်နိုင်ငံသ့ို တိုင် ဖွန်းကမ်မူရီ(Typhoon Cammuri) ဝင်ရောက်တိုက်ခတ်ရန်ခန့်မှန်းရကြောင်းဖြင့်ဖိလစ်ပိုင် လေထုဆိုင် ရာ၊ဘူမိရူပဗေဒဆိုင်ရာနှင့်နက္ခတ္တဗေဒလုပ်ငန်းများစီမံခန့်ခွဲရေးအဖွဲ့(PAGASA) ကနိုဝင်ဘာလ၂၈ ရက် တွင်ပြောကြားခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံရပ်ခြားသို့ ထွက်ခွာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိကာ မြန်မာနိုင်ငံ၏ PR (Permanent Resident) ရရှိထားသော မူလ မြန်မာနိုင်ငံဖွား အထူးကု ဆရာဝန်ကြီးများနှင့် နိုင်ငံခြားသား အထူးကု ဆရာဝန်ကြီးများအား နိုင်ငံတော်က ကောက်ခံနေသည့် လိုင်စင်ကြေး...
ပေကျင်း၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် ပါကစ္စတန်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ဟော့စတန်၊ နိုဝင်ဘာလ ၂၉ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည်နယ်၊ ဟော့စတန်မြို့၏အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာ တွင်ရှိသောပို့သ်နီချီးစ်မြို့(Port Neches)၌ နိုဝင်ဘာလ၂၇ ရက်က TPC Group မှလည်ပတ်နေသော ဓါတုစက်ရုံတစ်ရုံအဆက်မပြတ်ပေါက်ကွဲမှုများဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ အရေးပေါ်အခြေအနေအား ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။