Connect with us

Videos

အမေရိကန်ပြည်ထောင်စု တက္ကဆက် တွင်ကြီးမားသောထိခိုက်မှုများဖြစ်စေသည့်ဓာတုစက်ရုံပေါက်ကွဲမှု ဖြစ်ပွား

တက္ကဆက်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု၊တက္ကဆက်ပြည့်နယ်ရှိ နီချီးစ် ဆိပ်ကမ်း မြို့ တွင် နိုဝင်ဘာလ၂၇ ရက်က ဓာတုစက်ရုံတစ်ရုံ အဆက်မပြတ်ပေါက်ကွဲမှုများဖြစ်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိနေထိုင်သူ ၆၀,၀၀၀ ခန့်ကိုကယ်ဆယ်မှုပြုရန် အမိန့်ထုတ် ထားခဲ့ရကြောင်းသိရသည်။ 

ပေါက်ကွဲမှုများကြောင့် အလုပ်သမားသုံးဦး ဒဏ်ရာရ ပြီးဆေးရုံသို့ပို့ခဲ့ရ ပြီး ပေါက်ကွဲမှုမှအပျက်အစီး များကတစ်မြို့လုံးကိုကြီးမားသောထိခိုက်မှုများဖြစ်စေခဲ့သည်။

ဒုတိယ အကြိမ်ကြီးမားသောပေါက် ကွဲမှုကမွန်းလွဲ ပိုင်းတွင် 

ဖြစ်ခဲ့ပြီး တစ်နေ့လုံးလိုလိုပင်အသေးစား ပေါက်ကွဲမှုလေးများဆက်လက်ဖြစ် ပေါ်နေခဲ့သည်။

ပေါက်ကွဲ မှုဒဏ်ကိုစက်ရုံမှမိုင် ၃၀ အကွာတွင်နေထိုင်သူများအထိခံစားခဲ့ရကြောင်းသိရသည်။ စက်ရုံမှအချင်းဝက် လေးမိုင်အတွင်းနေထိုင်သူများကိုကယ်ဆယ်ရေးဇုံသတ်မှတ်၍ပေါက်ကွဲမှုဘေးမှကယ်ဆယ်ရွှေ့ပြောင်းခဲ့ရကြောင်းသိရသည်။(Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.