Connect with us

Asia

အကြမ်းဖက်ဆန္ဒပြသမားများကြောင့် ဟောင်ကောင်အဆင့်မြင့် သိပ္ပံနှင့်နည်း ပညာတက္ကသိုလ် တွင်ပျက်စီးမှုများပြား

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းအကြမ်းဖက် ဆန္ဒပြသမား ကျန်ရစ်ခဲ့သောဓါတ်ဆီဗုံးတစ်လုံးအားတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊နိုဝင်ဘာလ ၃၀ ရက်(ဆင်ဟွာ)

ဟောင်ကောင်တွင်ဆန္ဒပြသမားများက ရက်သတ္တပတ် နှစ်ပတ်ခန့်အခိုင်အမာ စခန်းချခဲ့ကြသော  ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်(Hong Kong Polytechnic University) ဝင်း အတွင်းအန္တရာယ်ရှိပစ္စည်းများအား ရဲတပ်ဖွဲ့ကနှစ်ရက်ကြာရှင်းလင်းမှုများပြုလုပ်ပြီးနောက်တက္ကသိုလ် ဝင်းအတွင်းသို့ ဝင်ခွင့်ပိတ်ဆို့ထားခြင်းအားရဲတပ်ဖွဲ့ကပြန်လည်ရုပ်သိမ်းကာ ဝင်းအတွင်းမှနိုဝင်ဘာလ ၂၉ ရက်မွန်းလွဲပိုင်းတွင်ပြန်လည်ထွက်ခွာ၍တက္ကသိုလ်အုပ်ချုပ်ရေးကိုလည်းပြန်လည်လွှဲပြောင်းပေးခဲ့ ကြောင်းသိရသည်။

 ရဲတပ်ဖွဲ့ထံမှ အုပ်ချုပ်မှုအားပြန်လည်လွှဲပြောင်းရယူခဲ့ပြီးနောက် အဆိုပါတက္ကသိုလ် ၏ ဥက္ကဋ္ဌ ဖြစ်သူ Teng Jin Guang ကမီဒီယာများနှင့်တွေ့ဆုံရာတွင် ဆန္ဒပြသမားတို့ သိမ်းပိုက်ထားစဉ် ကြီးမားသော ထိခိုက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရကြောင်း နိုဝင်ဘာလ ၂၉ ရက်ကပြောခဲ့သည်။

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းဆန္ဒပြသမားများကျန်ရစ်ခဲ့သောဓါတ်ဆီလောင်စာဗုံးများနှင့်အခြားအန္တရာယ်ရှိပစ္စည်းများအားသိမ်းဆည်း ရမိ မှုကိုနိုဝင်ဘာလ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းဆန္ဒပြသမားများကျန်ရစ်ခဲ့သောဓါတ်ဆီလောင်စာဗုံးများနှင့်အခြားအန္တရာယ်ရှိပစ္စည်းများအားသိမ်းဆည်း ရမိ မှုကိုနိုဝင်ဘာလ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အနီးလမ်းများအား ဆန္ဒပြသမားများ ပိတ်ဆို့ထားမှုအား ဟောင်ကောင်ပြည်သူများကဖယ်ရှားနေကြစဉ်(ဆင်ဟွာ)

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အနီးလမ်းများအား ဆန္ဒပြသမားများ ပိတ်ဆို့ထားမှုအား ဟောင်ကောင်ပြည်သူများကဖယ်ရှားနေကြစဉ်(ဆင်ဟွာ)

Teng Jin Guang က တက္ကသိုလ်ဝင်းအတွင်းရှိ အဆောက်အအုံများ၊အထောက်အပံ့ပစ္စည်းများ၊ဓါတ်ခွဲ ခန်းများ နှင့် အခြားအရာဝတ္တုပစ္စည်းများအပါအဝင် ကြီးမားသောထိခိုက်ပျက်စီးမှုများက ဆန္ဒပြသ မားတို့ သိမ်းပိုက်ထားစဉ် နှစ်ပတ်ကာလအတွင်းဖြစ်ပျက်ခဲ့ကြောင်း၊ အထက်တန်းကျောင်းသား ၃၀၀ ကျော်နှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကျောင်းသား ၄၆ ဦးတို့အပါအဝင် ဆန္ဒပြသမား ၁,၀၀၀ ခန့် တက္ကသိုလ်ဝင်းအတွင်းမှပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း လည်းပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်ရက်ခန့်အတွင်း တက္ကသိုလ်ဝင်းအတွင်း၌ သန့်ရှင်းရေးများပြန်လည်လုပ်ဆောင်စဉ် ရဲတပ်ဖွဲ့က ဓါတ်ဆီဗုံး ၃,၉၈၉ လုံး၊ပေါက်ကွဲစေတတ်သောပစ္စည်းအပိုင်းအစ ၁,၃၃၉ ခု၊ဓါတုဆေးရည် ပုလင်း ၆၀၁ ပုလင်းနှင့်လက်နက်အပိုင်းအစများ ၅၇၃ ခုတို့ကိုတွေ့ခဲ့ရကြောင်းလည်းသိရသည်။

Teng Jin Guang က လွန်ခဲ့သောနှစ်ပတ်အတွင်းတက္ကသိုလ်ဝင်းအတွင်း၌ စာသင်ခန်းများနှင့်လုပ်ငန်း ဆောင်တာအားလုံးကိုဆိုင်းငံ့ထားခဲ့ရကြောင်း၊အကြမ်းဖက်ဆန္ဒပြမှုကြောင့်စာသင်ကြားမှုနှင့်သုတေသ နဆောင်ရွက်မှု လုပ်ငန်းများအပေါ်များစွာထိခိုက်အကျိုးသက်ရောက်စေခဲ့ကြောင်း လည်းပြောခဲ့သည်။ ၎င်းကတက္ကသိုလ်ဝင်းအတွင်းဝင်ရောက်ရာတွင် ဘေးကင်းမှုရှိစေရန်နှင့်ဝင်းလုံခြုံမှုအတွက်စတင်လုပ် ဆောင်နေကြောင်း၊ပြင်ဆင်မှုလုပ်ငန်းအားလုံးကိုဆောင်ရွက်ရန် ငါးလမှခြောက်လ အထိကြာမြင့်နိုင် ကြောင်းပြောကြားခဲ့သည်။(Xinhua)