ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့(UNICEF) ဆိုင်ရာ တရုတ်နိုင်ငံ၏ ဆယ်ကျော်သက်အရွယ် ချစ်ကြည်ရေးသံတမန် ဝမ်းယွမ် (Wang Yuan) က ကမာ္ဘတစ်ဝန်းရှိ ကလေးငယ်အားလုံးအတွက် အရည်အသွေးပြည့်ဝသော ပညာသင်ကြားခွင့်ရရှိစေရေး တွန်းအားပေးသွားရန် နိုဝင်ဘာ ၂၀ ရက်တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများ ကိစ္စ နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်တစ်စီး အင်ဂျင်ခန်း ဂတ်(စ်)ပိုက်ပေါက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်များထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
တိုကျို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့လည်ခေါင်တွင်ရှိသော ကုန်သွယ်ရေးဝန်ကြီးဌာန ၏ မြေအောက်ထပ်ကားပါကင်တွင် နိုဝင်ဘာလ ၂၀ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူမရှိကြောင်း ရဲနှင့် မီးသတ်သမားများ ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) နှစ်ပေါင်း ၁၁၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဉယျာဉ် ကို ၂၀၁၈ ခုနှစ် တွင် ဧည့်သည်ဝင်ရောက်နှုန်း ၁ဒသမ၅ သန်းရှိပြီး တစ်လချင်းလူဝင်နှုန်း သည် ၂၀၁၈ခုနှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်ဝင်နှုန်းက ပိုများလျက်ရှိကြောင်း၊ တိရစ္ဆာန်ဉယျာဉ် ကို ဝင်ရောက်သူပိုမိုများပြားစေရန်အတွက် ကျောင်းများ၊ အဖွဲ့အစည်းများ...
မနီလာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂိုဒူတာတေးက အများပြည်သူဆိုင်ရာနေရာ၌ vape အခိုးအငွေ့ သုံးစွဲသူများကို ဖမ်းဆီးရန် ဥပဒေစိုးမိုးရေးအဖွဲ့များအား နိုဝင်ဘာ ၁၉ ရက်နှောင်းပိုင်းက ညွှန်ကြားထားကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံအတွင်း e-cigarette သို့မဟုတ် vape ကိရိယာများ အသုံးပြုခြင်းနှင့် တင်သွင်းခြင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း...
အစ္စလာမ်မာဘတ် ၊နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေး စကြ ကနဦးကာလ အောင်မြင်မှုရလဒ်ကောင်းတစ်ခုအဖြစ် ပါကစ္စတန်နိုင်ငံ Karakoram Highway စီမံကိန်း၏Havelian- Mansehra အဝေးပြေးလမ်းအပိုင်းကို နိုဝင်ဘာ ၁၈ ရက်က အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ Havelian- Mansehra အဝေးပြေးလမ်းအပိုင်းကို တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းဖြင့် ဒီဇိုင်းဆွဲဆောက်လုပ်ထားခြင်းဖြစ်ပြီး...
ရှီအန်း၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှီအန်းရှိ ရှန်ရှီးသစ်တောအကယ်ဒမီ၏ Qinling ပန်ဒါကြီးများ သုတေသနစင်တာတွင် ပန်ဒါငယ်လေး ၃ကောင်၏ မွေးနေ့ ရက် ၁၀၀ ကျော်အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့ကြသည်။ ပန်ဒါလေးများကို ပျော်ရွှင်စွာကြီးပြင်းကြပါစေ ဟု ပန်းသီးများဖြင့်စာလုံးပုံဖော်ထားပြီး လက်ဆောင်ပေးခဲ့သည်။ ပန်ဒါလေး ၃ ကောင်တွင် Jia Jia...