Connect with us

Social

နှစ်ပေါင်း ၁၁၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဉယျာဉ် သို့၂၀၁၈ ခုနှစ် တွင် ဧည့်သည်ဝင်ရောက်နှုန်း ၁ဒသမ၅ သန်းရှိ၊ တစ်လချင်းလူဝင်နှုန်းယခုနှစ်တွင် ပိုများလျက်ရှိ

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁၁၄ နှစ်သက်တမ်းရှိပြီဖြစ်သည့် ရန်ကုန်တိရစ္ဆာန်ဉယျာဉ် ကို ၂၀၁၈ ခုနှစ် တွင် ဧည့်သည်ဝင်ရောက်နှုန်း ၁ဒသမ၅ သန်းရှိပြီး တစ်လချင်းလူဝင်နှုန်း သည် ၂၀၁၈ခုနှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်ဝင်နှုန်းက ပိုများလျက်ရှိကြောင်း၊ တိရစ္ဆာန်ဉယျာဉ် ကို ဝင်ရောက်သူပိုမိုများပြားစေရန်အတွက် ကျောင်းများ၊ အဖွဲ့အစည်းများ လူ ၃၀ နှင့် အထက် လေ့လာရေးလာရောက်ပါက အရေအတွက်ပေါ်မူတည်၍ ၁၀ ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ဝင်ခွင့်ဈေးနှုန်းအားဆက်လက်လျှော့ပေးလျက်ရှိကြောင်း ရန်ကုန်တိရစ္ဆာန်ဉယျာဉ်မှ ကိုမျိုးကျော်သူ က ဆင်ဟွာသို့ယနေ့ပြောကြားသည်။

“ကျောင်းတွေ ကို အထူးအစီအစဉ် နဲ့ ဆက်ပြီးလုပ်ပေးလျက်ရှိပါတယ်။ အဓိကက အဖွဲ့အစည်းတွေ၊ ကျောင်းတွေ ကို သက်ဆိုင်ရာ ရာခိုင်နှုန်းအလိုက်လျှော့ပေးနေတာပါ။ လူများရင် ကုန်ကျစရိတ် များနိုင်တယ်။ ကလေးတွေများများဝင်ကြည့်ပြီး ဗဟုသုတရစေချင်လို့ဒီအစီအစဉ်ကိုလုပ်ဖြစ်တာပါ’’ ဟု ကိုမျိုးကျော်သူကပြောသည်။

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်အတွင်းရှိ တိရစ္ဆာန် တို့အားတွေ့ရစဉ် (ဆင်ဟွာ) 

တိရစ္ဆာန်ဉယျာဉ် ကိုလာရောက်လေ့လာသူများတွင် ပြည်တွင်းမှ လူများက ဆင်၊ ကျား၊ ခြင်္သေ့များ အားကြည့်ရှုရန် စိတ်ဝင်စားကြပြီး၊ နိုင်ငံခြားသားများက ၎င်းတို့နိုင်ငံတွင်မရှိသော မြန်မာ့မျိုးရင်းတိရစ္ဆာန်မျိုးများအား ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။ 

ရန်ကုန်တိရစ္ဆာန်ဉယျာဉ်တွင်တိရစ္ဆာန်များ၏ အစာကျွေးမွေးရသည့်စားရိတ်သည် တစ်နေ့လျှင် ကျပ် ၁၁ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

“တိရစ္တာန် အစာအတွက် တစ်ချို့လှူချင်တဲ့ သူတွေ လာကြတာရှိပါတယ်။ တိရစ္ဆာန်တွေ ရဲ့ ကျန်းမာရေးအတွက် ပြင်ပအစာကျွေးခွင့်မရှိတော့ သူတို့ လှူကြတဲ့ ၁၀၀၀ ပဲဖြစ်ဖြစ် စေတနာရှိသလောက်ကိုလက်ခံပြီး အလှူမှတ်တမ်းလေးပေးပါတယ်။ သူတို့ ကျွေးချင်တဲ့အကောင် ကို အစာကျွေးတဲ့ အချိန်မှာ သူတို့အလှူလေးထည့်ပေးပါတယ်’’ ဟု ၎င်းကပြောသည်။

ရန်ကုန်တိရစ္ဆာန်ဉယျာဉ် ၏ ဝင်ကြေးမှာ လူကြီး ၁၀၀၀ကျပ်၊ ကလေး ၅၀၀ ကျပ်ရှိသည်။ ရန်ကုန်တိရစ္ဆာန်ဉယျာဉ် တွင် တိရစ္ဆာန်အကောင်ပေါင်း ၁၄၉၅ ကောင်ရှိပြီး အမျိုးအစားပေါင်း ၁၃၆ မျိုးရှိကြောင်း သိရသည်။  

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် သည် (၅၈.၁၆) ဧက ကျယ်ဝန်းသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိကာ အရှေ့ဘက် တွင် အထက်ပန်းဆိုးတန်းလမ်း ၊ အနောက်ဘက်တွင် ကမ္ဘာအေး စေတီလမ်း ၊ တောင်ဘက်တွင် ဗိုလ်မင်းခေါင်လမ်းနှင့် မြောက်ဘက်တွင် ကန်ရိပ်သာလမ်း ဝန်းရံလျှက်ရှိပြီး တိရစ္ဆာန်ဥယျာဉ်ဝန်းကျင်တွင်ရှိသော ထင်ရှားသည့် နေရာများမှာ ရွှေတိဂုံဘုရား ၊ ကန်တော်ကြီး ဟိုတယ် ၊ အောင်ဆန်းကွင်း နှင့် ရန်ကုန်ဘူတာကြီးတို့ ဖြစ်သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.