ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦးဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း(၆)သန်းကျော် ရှိလာပြီး၊ ပေါ်တူဂီနိုင်ငံတွင် အမျိုးသားအရေးပေါ်အခြေအနေ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးလိုက်ကြောင်း နိုဝင်ဘာ ၂၁ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ရှမ်းပြည်နယ် ကျောက်မဲမြို့ ပင်တိန်ကျေးရွာ၌ ယနေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်တင်မြှောက်ခံထားရသောကိုယ်စားလှယ် ဦးထိုက်ဇော်အား လုပ်ကြံသတ်ဖြတ်သူကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အလေးအနက် တိုက်တွန်းကြောင်း ယနေ့ညပိုင်းတွင်ထုတ်ပြန်သော အထူးကြေညာချက်အရ...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ရွေးချယ်တင် မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်ကို ယနေ့(နိုဝင်ဘာ ၂၁ရက်) ညနေ (၆)နာရီကျော်က နေအိမ်၌ သေနတ်ဖြင့်လာရောက်ပစ်သတ်သွားကြောင်း NLD ပါတီပြန်ကြားရေးဗဟိုကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၈,၀၉၀) ခု အားစစ်ဆေးခဲ့ပြီး COVID-19 ပိုးတွေ့ရှိမှု (၁,၄၃၄) ဦး ရှိခဲ့ကြောင်း၊ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၀၀၄,၃၅၇) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၁...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်ယူ-၂၂ အမျိုးသားအသင်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြန်လည်ဖွဲ့စည်းရန်လျာထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် မြောက်၊ အရှေ့မြောက်လေများ မြန်မာတစ်နိုင်ငံလုံးသို့ တိုက်ခတ်ပြီဖြစ်သောကြောင့် နိုဝင်ဘာ ၂၀ရက်မှစ၍ တစ်နိုင်ငံလုံး စတင်အေးလာပြီဖြစ်ကြောင်း ယခုနှစ်သည် လာနီညာနှစ်ဖြစ်သောကြောင့် ယခင်နှစ်ကာလတူအချိန်ထက် ပိုမိုအအေးပိုနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ နိုဝင်ဘာ...
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ၏ ၂၇ ကြိမ်မြောက် ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး အား နိုဝင်ဘာ ၂၀ ရက် တွင် အွန်လိုင်းကွန်ဖရန့်ပုံစံ ဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးအား ဦးစီးကျင်းပ ခဲ့သည့်...
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) သည် မလေးရှားနိုင်ငံက ဦးစီးကျင်းပသော APEC ခေါင်းဆောင်များ အွန်လိုင်းအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ အတွက် ကာလရှည် အသေးစိတ် အစီအစဉ်သစ်ဖြစ်သော ၂၀၂၀ ပြည့်နှစ်အလွန် မျှော်မှန်းချက်...
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးရှိနေသော သီးပင်၊ စားပင်ဒေသမျိုးရင်းမျိုးစိတ်များစွာရှိကြောင်း၊ ထို့ကြောင့် မိမိဒေသရှိ ရှားပါးမျိုးစေ့(သို့မဟုတ်) အပင်ကိုင်းများအား မျိုးစေ့ဘဏ်သို့ လှူဒါန်းနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မျိုးစေ့ဘဏ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမင်းစံသိန်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါအခြေအနေကြောင့် လက်ရှိအချိန်တွင် ပုဂံဒေသရှိဘုရားများအား ဖူးမျှော်ခွင့်ပိတ်ထားသော် လည်း ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့၍ ဘုရားများပြန်လည်ဖူးမျှော်ခွင့်ပေးပါက အဆင်သင့်ဖြစ်စေရန် စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ပုဂံဌာနခွဲ မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က...