Connect with us

Media

တရုတ်နိုင်ငံအကူအညီဖြင့် ပြန်လည်တည်ဆောက်ထားသည့် စာသင်ကျောင်း နှစ်ကျောင်း နီပေါနိုင်ငံထံ လွှဲပြောင်းပေးအပ်

ခတ္တမန္ဒူ၊ မေ ၁၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံ Dolakha ခရိုင်၌ တရုတ်အကူအညီဖြင့် ပြန်လည်တည်ဆောက်ထားသည့် အစိုးရစာသင်ကျောင်း နှစ်ကျောင်းအား ဒေသန္တရတာဝန်ရှိသူများထံသို့ မေ ၁၆ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းအဆောက်အဦသစ်များတွင် စာသင်ခန်းများ ၊ လက်တွေ့စမ်းသပ်ခန်းများ၊ ကွန်ပြူတာခန်းများ ၊ စာကြည့်တိုက်များ ၊ အဆောင်များ ၊ ခန်းမများနှင့် ဆရာ/ဆရာမ နားနေခန်းများအား ကောင်းစွာ ပြင်ဆင်ပေးထားကြောင်း ခရိုင်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ Shankar Babu Shrestha က မှတ်ချက်ပြုပြောကြားခဲ့သည်။ (Xinhua)

………………………………………..
(English Version)
2 schools rebuilt with China aid handed over to Nepal
Two public schools rebuilt with Chinese assistance in Nepal’s Dolakha district were handed over to local authorities on Thursday. The new buildings have well-furnished classrooms, laboratories, computer labs, libraries, dormitories, halls and teacher rooms, noted Shankar Babu Shrestha, chairman of the district’s education development and coordination unit.
Xinhua News Agency correspondents reporting from Kathmandu.(XHTV)