Connect with us

China

သိပ္ပံဝတ္ထုမှ လက်တွေ့ဖြစ်ပေါ်လာသော လူသားသဏ္ဌာန်စက်ရုပ်များ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပြုလုပ်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုကုန်စည်ပြပွဲတွင် လူသားသဏ္ဌာန်တူစက်ရုပ် ရှောင်ချီကို ၂၀၂၄ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ပခုံးထိရှည်လျားသောဆံပင်၊ ဒေါက်မြင့်ဖိနပ်၊ အသားကပ်ဝတ်စုံ၊ စိုပြည်တင်းရင်းသော မိတ်ကပ်လိမ်းခြယ်မှုဖြင့် ရှောင်ချီသည် ကုန်စည်ပြပွဲခန်းမတွင် ကြော့မော့လှပစွာ မတ်တတ်ရပ်လျက် မေးခွန်းမြောက်မြားစွာကို ဖြေဆိုရန် အသင့်စောင့်ဆိုင်းနေသည်။
ကြင်ကြင်နာနာဖြင့် မျှဝေတတ်ပြီး အသိပညာကြွယ်ဝသော ရှောင်ချီသည် လူသားတစ်ယောက်တော့ မဟုတ်ပေ။

၎င်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျင်မြို့အခြေစိုက် Ex-Robots ကုမ္ပဏီက တီထွင်ထုတ်လုပ်ထားသော လူသားသဏ္ဌာန်တူစက်ရုပ်တစ်ရုပ်ဖြစ်ကာ ဉာဏ်ရည်တုနှင့် စက်ရုပ်တီထွင်မှုများ၏ အဆင့်မြင့်တက်လာမှုများက စက်ပစ္စည်းများကို ဝတ္ထုစာမျက်နှာများ၊ ရုပ်ရှင်ဖန်သားမျက်နှာပြင်များမှသည် လက်တွေ့အကောင်အထည်ဖော် အသုံးပြုနိုင်သည်အထိ ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တုကုန်စည်ပြပွဲတွင် စက်ရုပ်မလေး ရှောင်ချီကို လူစိတ်ဝင်စားမှုများပြားခဲ့ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
Humanoid robots step from science fiction into reality
TIANJIN, June 23 (Xinhua) — With her sleek shoulder-length hair, high heels, figure-hugging outfit and flawless makeup, Xiaoqi stands elegantly in the exhibition hall, ready to answer a myriad of questions.
She is kind, empathetic and knowledgeable. But here’s the twist: Xiaoqi isn’t human.
She is a humanoid robot created by Ex-Robots, a company based in China’s northeastern city of Dalian, as advancements in artificial intelligence (AI) and robotics have brought these machines from the pages of novels and the screens of movies into practical, real-world applications.
Xiaoqi has been charming crowds at the 2024 World Intelligence Expo, which runs from Thursday to Sunday in north China’s Tianjin Municipality.
Photo: Xiaoqi, a humanoid robot, is pictured at the World Intelligence Expo 2024 in north China’s Tianjin, June 21, 2024. (Xinhua/Sun Fanyue)