Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် ၁.၄၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် ၁.၄၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ် (မက်သ်အဖက်တမင်း) နှင့် ကက်တမင်း စုစုပေါင်း ၁၈၀ ကီလိုဂရမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ စက်တင်ဘာ ၁၉ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းတွင် ဖော်ပြခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မိုင်းပျဉ်းမြို့နယ် နားခေါကျေးရွာအနီးတွင် စက်တင်ဘာ ၁၆ ရက်က မော်တော်ယာဉ်တစ်စီးအား သတင်းအရ ရှာဖွေခဲ့ရာ ယာဉ်ပေါ် မောင်းနှင်လိုက်ပါလာသူများနှင့်အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်ကျေးရွာရှိ နေအိမ်တစ်အိမ်မှ အိုက်စ် (မက်သ် အဖက်တမင်း) ၅၀ ကီလိုဂရမ်နှင့် ကက်တမင်း ၃၀ ကီလိုဂရမ် ထပ်မံသိမ်းဆည်းရမိခဲ့ကာ စုစုပေါင်းဒေသ ကာလတန်ဖိုးငွေကျပ် ၁.၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀ ကီလိုဂရမ်နှင့် ကက်တမင်း ၃၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
………………………
(English Version)
180 kg of narcotics seized in eastern Myanmar
YANGON, Sept. 19 (Xinhua) — Myanmar authorities have seized 180 kg of narcotics in eastern Myanmar’s Shan state, the state-run daily The Myanma Alinn reported on Thursday.
Acting on a tip-off, anti-narcotics police searched a vehicle on Sept. 16, seized 100 kg of ICE (methamphetamine) in Mongping township of eastern Shan state, and arrested two suspects, the report said.
During further investigation in connection with this case, an additional 50 kg of ICE and 30 kg of ketamine were seized at another suspect’s house in the same township, the report said.
Investigation showed that the drugs were being transported from Kengtung township to Monghpyak township of Shan state, the report said.
The suspects were charged under the country’s laws, and further investigations are ongoing, it added. Enditem