Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ဆန်နှင့် ဆန်ကွဲ ၆၁၄,၇၀၅ တန် တင်ပို့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆန်ပွဲရုံတစ်ခုအား ၂၀၂၃ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဆန်နှင့် ဆန်ကွဲ ၆၁၄,၇၀၅ တန် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

မြန်မာနိုင်ငံသည် သုံးလတာကာလအတွင်း ပို့ကုန်မှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၁၄ သန်း ရရှိခဲ့ကြောင်း အသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ စပိန်၊ ပိုလန်နှင့် ဘယ်လ်ဂျီယံအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းကြောင်းမှ ဆန်နှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲ တန်ချိန် ၂ ဒသမ ၄ သန်းကျော် တင်ပို့ခဲ့ပြီး ၀င်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် ရရှိခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117