Connect with us

Media

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ အမေရိကန်ကျောင်းသား/သူများက ဆောင်းဦးလယ်ပွဲတော် ပါဝင်ဆင်နွှဲ

ကွေ့ယန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထိုက်ကျန်းခရိုင် Taipan ကျေးရွာ၌ အမေရိကန် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ ၇၉ ဦးပါဝင်သောအဖွဲ့က ဒေသခံများ၊ ခရီးသွားဧည့်သည် များနှင့်အတူ စက်တင်ဘာ ၁၇ ရက်က ဆောင်းဦးလယ်ပွဲတော်အား ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
၎င်းတို့က တရုတ်နာမည်ကျော်တေးသီချင်း “The Moon Represents My Heart” အား သီဆိုကာ မြောင်လူမျိုး ရိုးရာအကအား ကခုန်ခဲ့ကြသည်။

“ကျွန်တော်တို့ ဆိုခဲ့တဲ့သီချင်းက တကယ်ကို ကောင်းပါတယ်။ ကျွန်တော်က သီချင်းဆိုရတာ ကြိုက်တဲ့အတွက် ခဏလေးနဲ့ ကျွန်တော့်ခေါင်းထဲမှာ စွဲနေတော့မယ် ထင်ပါတယ်။ ဒီပွဲတော်က တကယ့်ကို ပျော်ဖို့ကောင်းပါတယ်။ ဒီမှာ အစီအစဉ်အမျိုးမျိုး ရှိပြီး အားလုံးအရမ်းပျော်ဖို့ကောင်းပါတယ်။ အလွန်ကောင်းပြီး အပြုသဘောဆောင်တဲ့ ခံစားမှု ရှိတာကြောင့် ဒီပတ်ဝန်းကျင်ကို တကယ်ကို ကြိုက်ပါတယ်။ ကျွန်တော် ဒီကို ရောက်ရှိလာပြီးတော့ မိသားစုနဲ့ အတူမဖြတ်ကျော်နိုင်ပေမယ့် ဒီအကြောင်းကို ပြောပြဖို့ ပို့စကတ်တစ်ခု ပို့လိုက်ပါတယ်”ဟု သိပ္ပံနှင့်သင်္ချာအင်စတီကျု ကျောင်းသား LIAM HOPKINS-LAGAN က ပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် အချဉ်ဟင်းရည် ချက်ပြုတ်ပုံအဆင့်ဆင့်အား ကြည့်ရှုခဲ့ကာ Lusheng တူရိယာ တီးမှုတ်မှုနှင့် သစ်သားစည်အက ဖျော်ဖြေတင်ဆက်မှုအား လေ့လာခဲ့ကြကြောင်း သိရသည်။
“ဒီနေ့ ကျွန်မတို့ မြောင်ကျေးရွာတစ်ရွာကို သွားခဲ့တယ်။ ဒီမှာ လှပတဲ့ အခမ်းအနားနဲ့ ကြိုဆိုကြပြီးတော့ ရိုးရာအစားအစာ ချက်ပြုတ်ဖို့ ၊ သူတို့ရဲ့ တေးဂီတကို နားဆင်ဖို့ လေ့လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီကနေ တခြားကျောင်းသားတွေ ဒီကလူတွေနဲ့ သိခွင့်ရတာ အရမ်းကို ကောင်းမွန်ပါတယ်”ဟု West Valley အထက်တန်းကျောင်းမှ ကျောင်းသူ ISABELLA FERGUSON က ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
American students celebrate Mid-Autumn Festival in China’s Guizhou
A group of 79 American students and teachers spent the Mid-autumn Festival on Tuesday with local residents and tourists in Taipan Village of Taijiang County, southwest China’s Guizhou Province.
They sang the famous Chinese song “The Moon Represents My Heart” and danced the traditional Miao-style dance.
SOUNDBITE 1 (English): LIAM HOPKINS-LAGAN, Student of Science and Math Institute
“The song (we sang) is really nice. I think it’s gonna be stuck in my head for a while, because I just love singing it. The festival is really, really fun. There’re just tons of activities and they’re all super fun. I really like the atmosphere, very nice positive vibes. Since I’m over here, I don’t get to spend it with my family, but I sent a postcard back talking about it.”
Earlier in the day, the group experienced the process of making sour soup and learned to play Lusheng and perform wood drum dance.
SOUNDBITE 2 (English): ISABELLA FERGUSON, Student of West Valley High School
“Today we went to one of the Miao villages, and we were welcomed with this beautiful ceremony and learned to cook the traditional food, listen to their music, and their drumming. And it’s been very nice to get to know the other students and the people from here as well.”
Xinhua News Agency correspondents reporting from Guiyang, China. (XHTV)