Connect with us

China

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌက တရုတ်နိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်အား တွေ့ဆုံ

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်း၌ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက တရုတ်နိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ် မားကို့စ် ဂါဗာအိုအား တွေ့ဆုံနေပုံကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန၏ ဥက္ကဋ္ဌ ဖုဟွာက တရုတ်နိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ် မားကို့စ် ဂါဗာအိုအား ပေကျင်းမြို့၌ စက်တင်ဘာ ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်မြောက်သည့် အခါသမယဖြစ်သည့်နှင့်အညီ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိထားသည့် အရေးပါသော ဘုံသဘောတူညီမှုများကို လေးလေးနက်နက် အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံလူထုအချင်းချင်း ကူးလူးဆက်ဆံမှုများအား ဆက်လက်အထောက်အကူပေးရေး၊ လာမည့် နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ ပြည့် ရွှေရတုကာလအတွက် အားဖြည့်ပံ့ပိုးမှုများ လုပ်ဆောင်ရေးတို့အတွက် ဘရာဇီးနိုင်ငံမှ မီဒီယာအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ရန် ဆင်ဟွာသတင်းဌာနအနေဖြင့် ဆန္ဒရှိပါကြောင်း ဖုက ပြောကြားခဲ့သည်။
ဘရာဇီးနိုင်ငံက ယခုနှစ် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ ဆင်ဟွာသတင်းဌာနအနေဖြင့် ယင်းထိပ်သီးအစည်းအဝေးအား တက်ရောက်သတင်းယူကာ မိမိတို့၏ ကမ္ဘာလုံးဆိုင်ရာတည်ရှိမှု အခွင့်အလမ်းအား အထိရောက်ဆုံး အသုံးချလျက် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ ခေတ်မီအသွင်ပြောင်းမှုအား ပံ့ပိုးသွားမည်ဖြစ်ကြောင်းလည်း ဖုက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဆိုင်ရာ ဘရာဇီးသံအမတ် ဂါဗာအိုကလည်း ဆင်ဟွာသတင်းဌာနနှင့် ဘရာဇီးနိုင်ငံရှိ အလွှာအသီးသီးမှ လူထုအကြား ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရေး၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုများ တိုးမြှင့်နိုင်ရန် အကူအညီပေးရေး၊ ဘရာဇီး-တရုတ် ချစ်ကြည်ရင်းနှီးမှုအား တစ်ဆင့်တိုး၍ တိုးတက်စေရေးအတွက် အထောက်အကူပေးရန် တရုတ်နိုင်ငံဆိုင်ရာ ဘရာဇီးသံရုံးအနေဖြင့် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Xinhua president meets with Brazilian ambassador to China
BEIJING, Sept. 27 (Xinhua) — President of Xinhua News Agency Fu Hua on Friday met with Brazilian Ambassador to China Marcos Galvao in Beijing.
Noting that this year marks the 50th anniversary of the establishment of diplomatic relations between China and Brazil, Fu said that Xinhua is willing to work with Brazilian media organizations to earnestly implement the important consensus reached by the heads of state of the two countries, continue promoting people-to-people exchange between the two nations, and make contributions to the next “50 golden years” of bilateral relations.
Noting that Brazil will host this year’s G20 Leaders’ Summit, Fu said that Xinhua will leverage its advantage of global presence to cover the event, making contributions to the modernization of the Global South.
Galvao said that the Brazilian embassy in China is willing to facilitate exchange and cooperation between Xinhua and people from all walks of life in Brazil, help enhance mutual understanding between the two peoples, and promote further development of the Brazil-China friendship. Enditem
English Caption
President of Xinhua News Agency Fu Hua meets with Brazilian Ambassador to China Marcos Galvao in Beijing, capital of China, Sept. 27, 2024. (Xinhua/Huang Jingwen)