Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (OCV) များ တိုက်ကျွေးလျက်ရှိ (၃၀/၉/၂၀၂၄ – MRTV)

-စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနကထိန်းသိမ်းထားသောရေလှောင်တမံ (၂၄၆) ခုအနက်မှကန်ရေပြည့်အမှတ်အထက် ကျော်လွန်၍ ရေပိုလွှဲမှရေကျော်စီးဆင်းနေသည့် ရေလှောင်တမံစုစုပေါင်း (၄၄) ခုရှိ (၃၀/၉/၂၀၂၄ – MRTV)

-ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၃)ခုသို့ ဆန်၊ ဆီ၊ ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများထောက်ပံ့ပြီး ရေကြီးရေလျှံမှုများအား လှည့်လည်ကြည့်ရှု (၃၀/၉/၂၀၂၄ – MOI)

-ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့်သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း (၃၀/၉/၂၀၂၄ – MOI)

-နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ကမ်းလှမ်းဖိတ်ခေါ်ခြင်းအပေါ် အဖွဲ့အစည်းအသီးသီးမှ ကြိုဆိုထောက်ခံကြောင်း သဘောထားများ ထုတ်ပြန် (၃၀/၉/၂၀၂၄ – MOI)
-မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်နွေစပါး ဆာဖိုးသာမျိုး တစ်ဧကတင်း (၁၅၀) နှင့်အထက် ထွက်ရှိသည့်တောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ (၃၀/၉/၂၀၂၄ – MRTV)

-ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ယာဉ်ကြီးများတွင် ပညာပေးကာလအတွင်း Telematics စနစ် စက်တပ်ဆင်ခြင်းမရှိပါက အမြန်လမ်းသုံးစွဲ ခွင့်ပြုမည်မဟုတ် (၃၀/၉/၂၀၂၄ – MRTV)

-ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသောအစီအစဉ် Master Plan ရေးဆွဲဆောင်ရွက်လျက်ရှိ (၃၀/၉/၂၀၂၄ – MRTV)

-ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၁၆) ကြိမ်မြောက်ညီလာခံနှင့် (၉) ကြိမ်မြောက် စာတမ်းဖတ်ပွဲသို့ တက်ရောက် (၃၀/၉/၂၀၂၄ – MOI)

-ခိုင်ကမ်းမြို့၌ ဆည်ကြီးချောင်း သဘာဝရေပြင်သို့ နှစ်လက်မအရွယ် ငါးမျိုးများ စိုက်ထည့် (၃၀/၉/၂၀၂၄ – MOI)