Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲထားသော်လည်း အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေ

လက်ဘနွန်နိုင်ငံ ကက်စ်မီယာမြို့၌ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ပျက်စီးသွားသည့် ကက်စ်မီယာတံတားအား စစ်ဆေးနေသည့် လက်ဘနွန်တပ်ဖွဲ့ဝင်များကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

ဧပြီ ၁၆ ရက် ညဉ့်နက်ပိုင်းတွင် အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်လာခဲ့သော်လည်း အစ္စရေးတပ်များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု လက်ဘနွန်နိုင်ငံပိုင် သတင်းဌာန National News Agency ၏ ဖော်ပြချက်အရ သိရသည်။နာဘာတီးခရိုင် ဒီယာ ဆီရီယာနီကျေးရွာ၏ အစွန်အဖျားဒေသများကို အစ္စရေးက လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ မာဂျာယွန်မြို့ တောင်ဘက် ခပ်လှမ်းလှမ်းအကွာရှိ တေဘာကျေးရွာ၌လည်း အစ္စရေးတပ်များက နေအိမ်များကို ဖြိုဖျက်မှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့သည်ဟု အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။

ခီယမ်မြို့တွင်မူ အစ္စရေးတပ်များက မြို့ကို အလုံးစုံအဝင်အထွက်ပိတ်ဆို့ကာ မြို့ခံများ နေရပ်ပြန်မလာနိုင်စေရန် ဝင်ပေါက်အားလုံးကို မြေပုံများ၊ အတားအဆီးများဖြင့် ပိတ်ဆို့ထားကြောင်း သိရသည်။ ထို့အတူ အစ္စရေးက ယင်းမြို့ထဲ၌ ဖောက်ခွဲဖျက်ဆီးမှုများ ထပ်မံလုပ်ဆောင်နေသည်ဟု သီးခြား သတင်းဖော်ပြချက်များက အတည်ပြုခဲ့သည်။

ဘင့်ထ် ဂျေဘီးလ်ခရိုင်၌ ဘေ့ထ်လစ်ဖ်ကျေးရွာ အကြီးအကဲ အစ်ဇက် ဟမ်းမော့က အစ္စရေး လုပ်ဆောင်လျက်ရှိသော ဖြိုဖျက်မှုများ၊ မြေထိုးစက်ဖြင့်ထိုးကာ နေအိမ်ဖျက်ဆီးမှုများကို ချက်ချင်းရပ်တန့်စေရန် လက်ဘနွန် အာဏာပိုင်များကို တိုက်တွန်းခဲ့သည်။

အစ္စရေးအနေဖြင့် အပစ်အခတ်ရပ်စဲထားမှုကို အသုံးချလျက် ချိုးဖောက်မှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဟမ်းမော့က စွပ်စွဲပြောဆိုခဲ့ကာ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ကြည့်ရှုစစ်ဆေးရန် နေရပ်ပြန်မည့် ဒေသခံများမှာလည်း တားဆီးပိတ်ပင်ခံထားရဆဲဖြစ်သည်ဟု ဆိုသည်။

ဟစ်ဇ်ဘိုလာအဖွဲ့ကမူ လက်ရှိအချိန်ထိ လက်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု လက်ဘနွန် တာဝန်ရှိသူများက ပြောသည်။အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် အစ္စရေးနှင့် လက်ဘနွန်နိုင်ငံတို့ကြား ၁၀ ရက်ကြာ အပစ်အခတ်ရပ်စဲမှုမှာ ဧပြီ ၁၆ ရက် ဒေသစံတော်ချိန် ညသန်းခေါင် (ဂရင်းနစ်စံတော်ချိန် ၂၁ နာရီ) ၌ စတင်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………………………………

(English Version)

Israeli army continue operations in S. Lebanon despite ceasefireBEIRUT, April 18 (Xinhua) — Israeli forces continued military operations in southern Lebanon on Saturday despite a ceasefire that took effect late Thursday night, according to Lebanon’s National News Agency.

In the Nabatieh district, Israeli artillery targeted the outskirts of Deir Siriane village; Further south in Marjayoun, Israeli forces carried out large-scale home demolitions in the village of Taybeh, the news agency reported.Israeli forces in Khiam sealed off the town entirely, blocking all entrances with earth mounds and barriers to prevent residents from returning. Separate reports confirmed further Israeli detonation operations inside the town.In the Bint Jbeil district, Izzat Hammoud, the mayor of Bayt Lif village, urged Lebanese authorities to immediately halt ongoing Israeli demolitions, bulldozing, and home destruction.Hammoud accused Israel of exploiting the ceasefire to continue violations, saying residents are still barred from returning to inspect their properties.Hezbollah has so far refrained from retaliation, according to Lebanese officials.A 10-day ceasefire between Israel and Lebanon took effect at midnight between Thursday and Friday local time (2100 GMT), following an earlier announcement by U.S. President Donald Trump. English CaptionLebanese army soldiers inspect the Qasmiyeh Bridge destroyed in Israeli airstrikes in Qasmiyeh, Lebanon, April 16, 2026. (Photo by Ali Hashisho/Xinhua)