Connect with us

Environment, Disasters & Accidents

သဲနှင့်ရေ ကမ္ဘာဝယ် ရွှေ့ပြောင်းငှက်များ ကြော့ရှင်းလှပစွာ ပျံသန်း

တရုတ်နိုင်ငံ နင်းရှဒေသရှိ ဆားဟူရှုခင်းသာဧရိယာ ဂေဟစနစ် မြင်ကွင်းကျယ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ရင်ချွမ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နင်းရှဒေသ စီကျွေဆန်းမြို့ ဖိန်လောခရိုင်အတွင်း တည်ရှိသည့် ဆားဟူရှုခင်းသာဧရိယာသည် ရွှေ့ပြောင်းငှက်များ၏ အရေးပါသော နားခို မျိုးပွားရာ နေရာများအနက်တစ်ခု ဖြစ်သည်။ နှစ်စဉ် မတ်လမှ အောက်တိုဘာလအတွင်း ရွှေ့ပြောင်းငှက်အများအပြားသည် ဤနေရာ၌ လာရောက်နားခို မျိုးပွားကြသည်။ ဆားဟူရေပြင် ကျယ်ပြောကြည်လင်လှခြင်း၊ မျောလှေးနှင့် ငါး၊ ပုစွန်များ ပေါကြွယ်ဝခြင်း၊ မြက်ခင်းပြင်၊ ရွှံ့နွံနှင့် သဲကန္တာရ စသည့် စုံလင်သောဂေဟစနစ်များ ရောယှက်တည်ရှိနေခြင်းတို့ကြောင့် ရွှေ့ပြောင်းငှက်အတွက် လုံလောက်သော အစားအစာ၊ ဘေးကင်းသော နားခိုရာ ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။

မကြာသေးမီနှစ်များအတွင်း နင်းရှ ဆားဟူရှုခင်းသာဧရိယာသည် တောင်များ၊ မြစ်များ၊ သစ်တောများ၊ လယ်ယာမြေများ၊ ရေကန်များ၊ မြက်ခင်းပြင်များနှင့် သဲကန္တာရများအား စနစ်တကျ စီမံခန့်ခွဲမှုကို စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ကာ ယခင်က ငါးမွေးကန်များကို ရေကန်အဖြစ် ပြန်လည်ပြောင်းလဲခြင်း၊ လယ်ယာမြေများကို စိမ့်မြေအဖြစ် ပြန်လည်ပြောင်းလဲခြင်း၊ ရေကြောင်းများ ချိတ်ဆက်ပေးခြင်း စသည့် လုပ်ဆောင်ချက်များကြောင့် ရေအရည်အသွေးနှင့် ဂေဟစနစ်မှာ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာခဲ့သည်။ နောက်ဆုံးရ အချက်အလက်များအရ ဆားဟူရှုခင်းသာဧရိယာရှိ ငှက်မျိုးစိတ်အရေအတွက်မှာ ၂၀၁၁ ခုနှစ်တွင် ၁၇၈ မျိုးရှိခဲ့ရာမှ ယခုအခါ ၂၁၆ မျိုးအထိ တိုးပွားလာကြောင်း သိရသည်။ (Xinhua)

#ဂေဟစနစ် #ရွှေ့ပြောင်းငှက် #ငှက်မျိုးစိတ် #တရုတ်နိုင်ငံ #China

…………………………………..

(Chinese Version)

沙水世界 候鸟蹁跹新华社照片,银川,2026年4月18日位于宁夏石嘴山市平罗县境内的沙湖景区,是候鸟的重要迁徙繁殖地之一。每年3月至10月间,众多候鸟在此栖息、繁衍。沙湖水域辽阔清澈,浮游生物和鱼虾丰富,草甸、沼泽、沙漠等多种生态类型交织,为候鸟提供了充足补给和安全的栖息环境。近年来,宁夏沙湖景区持续推进山水林田湖草沙系统治理,实施退渔还湖、退耕还湿、水系连通等措施,水质与生态不断改善。最新数据显示,沙湖景区鸟类种类已从2011年的178种增至216种。图说1:这是4月18日拍摄的沙湖生态景观(无人机照片)。新华社记者 王鹏 摄图说2:这是4月18日在沙湖拍摄的苍鹭鸟巢(无人机照片)。新华社记者 王鹏 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.