Connect with us

Local

မြန်မာနိုင်ငံ၏ စက်မှုကုန်ချောကဏ္ဍက ပထမနှစ်ဝက်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၈၁.၇ သန်း ဝင်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စက်မှုကုန်ချောကဏ္ဍက လက်ရှိဘဏ္ဍာရေးနှစ် ၂၀၂၄-၂၀၂၅ ပထမနှစ်ဝက်တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈၁.၇ သန်း ဆွဲဆောင်နိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက် နိုင်ငံပိုင် နေ့စဉ်ထုတ်သတင်းစာ Global New Light of Myanmar က ဖော်ပြခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်သည့် စာရင်းအင်းများအရ ရင်းနှီးမြှုပ်နှံမှုအများစုမှာ တရုတ်ကုမ္ပဏီများထံမှ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
လုပ်သားအင်အား ကြီးမားစွာ လိုအပ်သည့် ကုန်ထုတ်လုပ်ငန်းများသည် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အဆိုပါကဏ္ဍသို့ဝင်ရောက်မှုများသည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းနှင့် အထည်အလိပ် ထုတ်လုပ်မှုလုပ်ငန်းမှဖြစ်ပြီး နိုင်ငံ၏ GDP အား အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)
———————————
Myanmar’s manufacturing attracts FDI of 81.7 mln USD in H1
YANGON, Oct. 20 (Xinhua) — Myanmar’s manufacturing sector attracted foreign direct investment of 81.7 million U.S. dollars in the first half of the current fiscal year 2024-2025, the state-run Global New Light of Myanmar reported on Sunday.
According to the statistics released by the Directorate of Investment and Company Administration, most of the investment came from Chinese companies, the report said.
The manufacturing enterprises requiring a large labor force are prioritized to create job opportunities for the locals, it added.
The sector mainly focuses on garment and textile production based on cutting, making and packaging, contributing to the country’s gross domestic product to a certain extent, it said. Enditem
Photo – Employees work at a garment factory in Yangon, Myanmar, May 12, 2023. (Photo by Myo Kyaw Soe/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.