Connect with us

INTERNATIONAL ORGANIZATION

၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ပရီးမီးယားလိဂ်တွင် အာဆင်နယ်နှင့် လီဗာပူးလ် ထိပ်တိုက်တွေ့နေစဉ် မန်စီးတီးက ထိပ်ဆုံး‌မှ လီဗာပူးလ်အား ဖိအားပေးရန် အခွင့်အရေးကောင်း ရရှိထား
ယခုသီတင်းပတ် အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်တွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် လီဗာပူးလ်အသင်းနှင့် ချန်ပီယံဆုအတွက် ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သည့် အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေချိန်တွင် မန်ချက်စတာစီးတီးအသင်းက အမှတ်ပေးဇယားအောက်ခြေမှ ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သဖြင့် ထိပ်ဆုံးမှ လီဗာပူးလ်အား ဖိအားပေးနိုင်မည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ မန်စီးတီးနှင့် ဆောက်သမ်တန်အသင်းတို့၏ ပွဲစဉ်အား အောက်တိုဘာ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အာဆင်နယ်အသင်းက အောက်တိုဘာ ၂၇ ရက်၌ လီဗာပူးလ်အသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။
ပက်ပ်ဂွါဒီယိုလာ၏ မန်စီးတီးအသင်းအနေဖြင့် ယခုဘောလုံးရာသီတွင် နိုင်ပွဲမရသေးသည့် ဆောက်သမ်တန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ သုံးမှတ်ရရန် အလားအလာ အလွန်ကောင်းနေသည်။ ဆောက်သမ်တန်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ပွဲစဉ်တွင် လက်စတာအသင်းအား အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းက အသင်း၏ စိတ်ဓာတ်ပိုင်းအား ထိခိုက်စေဖွယ်ရှိသည်။ သို့သော် မန်စီးတီးအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ဝူဗာဟမ်တန်အသင်းအား ဂျွန်စတုန်း၏ အငြင်းပွားဖွယ် နောက်ကျအနိုင်ဂိုးဖြင့်သာ အနိုင်ရခဲ့သည်။
…..
AFC U-17 အာရှဖလား ခြေစစ်ပွဲစဉ်တွင် တရုတ်အသင်းက မော်လ်ဒိုက်အသင်းအား ၉-၀ ဂိုးဖြင့် အနိုင်ရရှိ
အောက်တိုဘာ ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် AFC U-17 အာရှဖလားခြေစစ်ပွဲ အုပ်စု-ဂ ပွဲစဉ်တစ်ပွဲဖြစ်သည့် တရုတ်အသင်းနှင့် မော်လ်ဒိုက်အသင်းတို့၏ ပွဲစဉ်တွင် တရုတ်အသင်းက ၉-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ နိုင်ပွဲဆက်ခဲ့ပြီး တရုတ်အသင်း၏ ကပ္ပတိန် Yang Qiandong က ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။
ဘာရိန်းနှင့် ဘူတန်တို့အား အနိုင်ရရှိထားသဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရထားပြီးဖြစ်သည့် တရုတ်အသင်းက ထိုပွဲစဉ်၌ နည်းစနစ်ပိုင်း အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် တရုတ်အသင်းက ပွဲကို တစ်ဖက်သတ်စိုးမိုးထားခဲ့ကာ ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း ၈၀ နီးပါးရှိခဲ့သည်။
…..
ဆီဒင်-၁ တင်းနစ်မယ် ဆီနီယာကိုဗာ WTA ကွမ်ကျိုးအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်
အောက်တိုဘာ ၂၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် WTA ကွမ်ကျိုးအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်-၁ ရရှိထားသည့် ချက်တင်းနစ်မယ် ကက်ထရီနာ ဆီနီယာကိုဗာက အမေရိကန်တင်းနစ်မယ် ပယ်ရာ ဘာနာဒါအား နှစ်ပွဲပြတ်အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
ပထမပွဲ၏ တတိယပွဲငယ်တွင် စပေးဘောမှ အမှတ်ဆုံးရှုံးခဲ့သော်လည်း ဆီနီယာကိုဗာက ယင်းအား ပြန်လည်ချေဖျက်ကာ ပြိုင်ဘက်ဖြစ်သူ ဘာနာဒါအား ၆-၄၊ ၇-၅ ဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ထိုပွဲစဉ်မှာ အချိန် ၁ နာရီနှင့် ၂၅ မိနစ် ကြာမြင့်ခဲ့သည်။
…..
၂၀၂၄ ခုနှစ် ပေကျင်း မာရသွန်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းသွင်းသူဦးရေ စံချိန်တင်မြင့်တက်ခဲ့ကာ ၁၈၀,၀၀၀ ကျော်ရှိ
၂၀၂၄ ခုနှစ် ပေကျင်း မာရသွန်ပြိုင်ပွဲအား နိုဝင်ဘာ ၃ ရက်၌ စတင်ကျင်းပမည်ဖြစ်ကာ အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသည့် အပြေးပြိုင်ပွဲဝင် ၁၈၀,၀၀၀ ကျော်ရှိပြီး ယင်းသည် ပြိုင်ပွဲသက်တမ်းတစ်လျှောက် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပသူများက ကြေညာခဲ့သည်။
ပြိုင်ပွဲဝင်ဦးရေ ၃၀,၀၀၀ သာ ပါဝင်ယှဉ်ပြိုင်ရန် ကန့်သတ်ထားသော်လည်း တောင်းဆိုမှုများ အလွန်အမင်း များပြားခဲ့ကာ အောက်တိုဘာ ၂ ရက်၌ စာရင်းသွင်းမှုများကို စတင်လက်ခံခဲ့ပြီးနောက် သုံးရက်အတွင်း နိုင်ငံနှင့် ဒေသပေါင်း ၄၃ ခုမှ အပြေးပြိုင်ပွဲဝင် ၁၈၂,၉၄၉ ဦးက စာရင်းသွင်းခဲ့ကြောင်း သိရသည်။ (Xinhua)


……………………….
(English Version)
Man City have chance to pressure as Arsenal host Liverpool in Premier League
Manchester City have a perfect chance to pressure Premier League leaders Liverpool and title rivals Arsenal this weekend as they play bottom-of-the-table Southampton on Saturday, while Arsenal host Liverpool on Sunday.
Three points for Pep Guardiola’s side against a rival that has yet to win a game this season looks very likely, especially considering the damage to Southampton’s morale caused by last week’s collapse from 2-0 up at home to Leicester City to a 3-2 defeat. However, Manchester City will also remember how they needed a controversial late winner from John Stones to beat Wolverhampton Wanderers last week.
…..
China sweep Maldives in AFC U-17 Asian Cup qualifier
China continued their winning streak in their AFC U-17 Asian Cup qualifying campaign with a 9-0 thrashing of the Maldives in Group C here on Friday, with captain Yang Qiandong notching a hat-trick.
Having beaten Bahrain and Bhutan and received a second round bye, China made several tactical changes ahead of Friday’s match. The match was almost one-way traffic with China having nearly 80 percent of possession, as Yang’s double put the home side firmly in charge of the first half.
…..
Siniakova reaches WTA Guangzhou open semis
Top seed Katerina Siniakova of the Czech Republic advanced to the last four after beating Pera Bernarda of the United States in straight sets at the WTA Guangzhou Open here on Friday.
Despite losing her serve in the third game of the first set, Siniakova overcame the setback to beat Bernarda 6-4, 7-5 in one hour and 25 minutes to reach the semifinals.
…..
Record-breaking 180,000 runners apply for for 2024 Beijing Marathon
The 2024 Beijing Marathon is set to kick off on November 3, with organizers announcing a historic record of over 180,000 runners registering for the event.
Despite the participation cap of 30,000 athletes, the overwhelming demand has led to an unprecedented number of sign-ups, since registrations opened on October 2, a remarkable 182,949 runners from 43 countries and regions have submitted their applications in just three days.