Connect with us

Europe

စပိန်နိုင်ငံ အစိုးရက ရေဘေးသင့်ဒေသများထံ တပ်ဖွဲ့ဝင် ၅,၀၀၀ ထပ်မံစေလွှတ်

စပိန်နိုင်ငံ ဗလင်ဆီယာမြို့ရှိ ရေဘေးဒဏ်သင့်နေရာတစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံတွင် မကြာသေးမီက ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုဒဏ်ခံစားခဲ့ရသော နိုင်ငံ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများထံ တပ်ဖွဲ့ဝင် ၅,၀၀၀ ထပ်မံစေလွှတ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့နှင့် အရပ်ဘက်တပ်ဖွဲ့ဝင် ၅,၀၀၀ စေလွှတ်ဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ်က နိုဝင်ဘာ ၂ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ ဒေသများတွင် အောက်တိုဘာ ၂၉ ရက်ညပိုင်းနှင့် ၃၀ ရက် အစောပိုင်းက ဒါနာ (DANA) မုန်တိုင်းဖြစ်စဉ်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံဖြစ်ပွားခဲ့သည်။
Palacio de La Moncloa ရှိ ဝန်ကြီးချုပ်နေအိမ်တွင် နိုဝင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဆန်းချက်ဇ်က “ဒါက စပိန်မှာ တပ်ဖွဲ့ဝင်အမြောက်အမြား စေလွှတ်ထားခြင်းပါပဲ” ဟု ပြောခဲ့သည်။ အဆိုပါဒေသတွင် တပ်ဖွဲ့ဝင် ၂,၀၀၀ ပို့ဆောင်ထားပြီးဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်း ၄,၅၀၀ ခု ဆောင်ရွက်ခဲ့ပြီးဖြစ်သလို လူဦးရေ ၃၀,၀၀၀ ကျော်ကို ကူညီနိုင်ခဲ့ကြောင်း၊ နေရာများစွာသို့ ရောက်ရှိရန် လိုအပ်နေဆဲဖြစ်သဖြင့် ထိုအရေအတွက်က လုံလောက်မှုမရှိသေးကြောင်း ဆန်းချက်ဇ်က ဖြည့်စွက်ပြောခဲ့သည်။
ဝန်ကြီးချုပ် ဆန်းချက်ဇ် ရည်ညွှန်းသော ကယ်ဆယ်ရေးလုပ်ငန်းများအနက် တစ်ခုမှာ အစောပိုင်းရေကြီးမှုအတွင်း မျောပါသွားခဲ့သော ကားတစ်စီးအတွင်း သုံးရက်ကြာပိတ်မိနေသည့် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်းလုံးအနေဖြင့် ဗလင်ဆီယာဒေသတွင် ရေဘေးသင့်သူများကို ပံ့ပိုးကူညီကြရန် ဆန်းချက်ဇ်က ဖြည့်စွက်ပြောကြားခဲ့သလို မိမိတို့အနေဖြင့် ဤအခိုက်အတန့်ကို အတူတကွ ကျော်ဖြတ်ကြရမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုများက မိမိတို့နိုင်ငံ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဘေးအန္တရာယ်ဖြစ်ကြောင်းနှင့် ယခုရာစုနှစ်အတွင်း ဥရောပ၌ ဒုတိယအများဆုံး လူသေဆုံးမှုလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စပိန်နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုအတွက် စာနာနားလည်မှုသဝဏ်လွှာကို စပိန်ဘုရင် Felipe VI ထံ နိုဝင်ဘာ ၂ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

စပိန်နိုင်ငံ ဗလင်ဆီယာမြို့ရှိ ရေဘေးဒဏ်သင့်နေရာတစ်နေရာတွင် သန့်ရှင်းရေးပြုလုပ်နေသော မော်တော်ယာဉ်တစ်စီးကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Spanish gov’t sends further 5,000 troops to floods-hit areas

MADRID, Nov. 2 (Xinhua) — Spanish Prime Minister Pedro Sanchez announced Saturday that an additional 5,000 soldiers and 5,000 police and Civil Guards would be deployed to southern and eastern Spain, where recent floods have caused severe damage.
The flooding, triggered by torrential rains from an Isolated Depression at High Levels (DANA) on Tuesday night and early Wednesday, has heavily impacted these regions.
In a press conference held on Saturday at his official residence in the Palacio de La Moncloa, Sanchez said it was “the largest deployment of the Armed Forces that has been made in Spain in peacetime,” adding although the 2,000 troops already in the area have carried out 4,500 rescues and helped more than 30,000 people, “these numbers are insufficient,” because there are “still many places to reach.”
One of the rescues Sanchez referred to saw a woman pulled alive from a car that had been swept away during the initial floods, after surviving the last three days trapped in her vehicle.
He added that the entire country was “supporting” the people affected in the Valencia region. “We will get through this together,” he insisted, adding that the floods were the “biggest natural disaster in the recent history of our country and is the flood that has caused the second highest death-toll in Europe this century.”
Chinese President Xi Jinping also sent a message of sympathy to Spanish King Felipe VI on Saturday over heavy rainstorms and floods in Spain.
Photo 1: This photo shows a view of the flood-hit area in Valencia, Spain, Oct. 30, 2024. (Photo by Pablo Morano/Xinhua)
Photo 2: A vehicle cleans up a flood-hit area in Valencia, Spain, Nov. 1, 2024. (Photo by Pablo Morano/Xinhua)