Media
ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသော အမြန်လမ်းအသုံးပြုသူ ၁၀ သန်းကျော်ရှိ
ဖနွမ်းပင်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသော ဖနွမ်းပင်-သီဟာနုဗီလာ အမြန်လမ်း စတင်ဖွင့်လှစ်ခဲ့သည့် ပထမနှစ်နှစ်တာအတွင်း အသုံးပြုသူအရေအတွက်မှာ ၁၀ သန်းကျော် ရှိလာခဲ့ကြောင်း သိရသည်။
၁၈၇ ကီလိုမီတာ ရှည်လျားသော အမြန်လမ်းကို လုပ်ကိုင်ဆောင်ရွက်သော Cambodian PPSHV Expressway ကုမ္ပဏီက နိုဝင်ဘာ ၁ ရက်တွင် အမြန်လမ်း၏ ဒုတိယမြောက် နှစ်ပတ်လည်နေ့အား ကျင်းပပြုလုပ်ခဲ့ပြီး ၁၀ သန်းမြောက် အမြန်လမ်းအသုံးပြုသူအား လက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဖနွမ်းပင်-သီဟာနုဗီလာ အမြန်လမ်းအသုံးပြုသူ တက္ကစီယာဉ်မောင်း အသက် ၄၂ နှစ်အရွယ်ရှိ Chhum Sophearun သည် အောက်တိုဘာ ၂ ရက်တွင် ၁၀ သန်းမြောက် အသုံးပြုသူ ဖြစ်လာခဲ့ပြီး ၎င်းအား အမြန်လမ်းတွင် တစ်နှစ်တာ အခမဲ့သွားလာခွင့် ပေးအပ်ခဲ့ကြောင်း ကုမ္ပဏီထံမှ သိရသည်။
ယင်းအမြန်လမ်းမကြီးက ကမ္ဘောဒီးယားနိုင်ငံ၌ ထိုလမ်းအမျိုးအစားတွင် ပထမဆုံးဖြစ်ပြီး ပထမစီးပွားရေးအားကောင်းသော ဖနွမ်းပင်မြို့နှင့် ဒုတိယစီးပွားရေး အားကောင်းသော ကမ်းရိုးတန်းပြည်နယ် သီဟာနုဗီလာအား ချိတ်ဆက်ထားသည့် အဓိကကျသော ဗျူဟာလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ကြောင်း ကမ္ဘောဒီးယား ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Peng Ponea က အခမ်းအနား၌ ပြောကြားခဲ့သည်။
“ဒီအမြန်လမ်းမကြီးက ကမ္ဘောဒီးယားနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်းအား အကျိုးကျေးဇူးများစွာ ပေးအပ်ပါတယ်။ ခရီးသွားလာမှုနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည် မြှင့်တင်ရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ဝမ်ဝန်ပင်းက ယင်းအမြန်လမ်းက ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းဆောင်ရွက်မှု အထင်ကရစီမံကိန်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါက ခေတ်သစ်မှာ အေးအတူပူအမျှ အရည်အသွေးမြင့်၊ အဆင့်မြင့်၊ အဆင့်အတန်းမြင့် အသိုက်အဝန်း တည်ဆောက်တဲ့အခါမှာ တရုတ်-ကမ္ဘောဒီးယား ပူးပေါင်းကြိုးပမ်းအားထုတ်မှုရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
၁၀ သန်းမြောက် အမြန်လမ်းအသုံးပြုသူ ဖြစ်ကြောင်း အမြန်လမ်းဝန်ထမ်းတစ်ဦးက ဆက်သွယ် အကြောင်းကြားလာခဲ့သည့်အတွက် စိတ်လှုပ်ရှားပျော်ရွင်မိကြောင်း Sophearun က အခမ်းအနား၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
“ပုံမှန်ကတော့ ဥရောပ၊ တရုတ် ဒါမှမဟုတ် အင်ဒိုနီးရှားက ခရီးသွားဧည့်သည်တွေကို တင်ဆောင်သွားပြီးတော့ ဖနွမ်းပင်ကနေ သီဟာနုဗီလာ၊ သီဟာနုဗီလာကနေ ဖနွမ်းပင်ကို အပြန်အလှန် အမြန်လမ်းပေါ်ကနေ သွားလာနေတာပါ။ လမ်းဟောင်း (အမှတ် ၄ လမ်း) ကနေ သွားတာက လမ်းမျက်နှာပြင် မညီတာကြောင့် အချိန်အများကြီး ယူရပြီး ဆီနဲ့ ကားပြုပြင်ထိန်းသိမ်းမှုမှာ ကုန်ကျစရိတ်အများကြီး ရှိပါတယ်။ ခြုံငုံပြီး ပြောရရင် လမ်းဟောင်းကနေ သွားရတဲ့ ကုန်ကျစရိတ်က အမြန်လမ်းကထက် ပိုများပါတယ်။ ဒါကြောင့်မို့ အမြန်လမ်းက သွားလာရတာ ဘေးကင်းစိတ်ချရပြီး အရမ်းအဆင်ပြေတာကြောင့် ယာဉ်မောင်းတွေအားလုံးကို အမြန်လမ်းကို အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု Sophearun က ပြောကြားခဲ့သည်။
တည်ဆောက်-လည်ပတ်-လွှဲပြောင်း (BOT) ပုံစံဖြင့် China Road and Bridge Corporation က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည့် ဖနွမ်းပင်-သီဟာနုဗီလာ အမြန်လမ်းက ကမ္ဘောဒီးယားနိုင်ငံ၌ ပထမဆုံးသော အဝေးပြေးလမ်းဖြစ်ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်တွင် အကြီးဆုံး စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
လမ်းကြောင်းတစ်ခုစီတွင် ယာဉ်သွားလာရန် နှစ်လမ်းနှင့် ဘေးတစ်ဘက်တစ်ချက်တွင် အရေးပေါ်လမ်းတစ်ခုစီ ပါရှိပြီး မော်တော်ယာဉ်များက အမှတ် ၄ လမ်းပေါ်တွင် ငါးနာရီကြာ သွားလာရမည့်အစား အမြန်လမ်းမှတစ်ဆင့် ၎င်းတို့၏ ခရီးပန်းတိုင်သို့ နှစ်နာရီအတွင်း ရောက်ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင်-သီဟာနုဗီလာ အမြန်လမ်း၌ ဖြတ်သန်းခကောက်ခံသူ အသက် ၂၅ နှစ်အရွယ်ရှိ Teng Sokhen က အမြန်လမ်းက ယာဉ်မောင်းများအားလုံးအတွက် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့ကာ ထိရောက်သော ခရီးသွားရွေးချယ်စရာ ပေးအပ်ထားကြောင်း ပြောကြားခဲ့သည်။
“ဒီအမြန်လမ်းမှာ အလုပ်လုပ်ရတာ တကယ့်ကို ပျော်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလမ်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်းအတွက် အထောက်အကူပေးတဲ့အပြင် ကမ္ဘောဒီးယားပြည်သူတွေအတွက် အကျိုးကျေးဇူး များစွာ ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီလိုပါဝင်ခွင့်ရတာ ဝမ်းသာမိပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………………….
(English Version)
Users of Chinese-invested expressway in Cambodia top 10 mln
The number of users of the Chinese-invested Phnom Penh-Sihanoukville Expressway in Cambodia had hit 10 million during the first two years of its operation.
The Cambodian PPSHV Expressway Co., Ltd., which is the operator of the 187-km expressway, marked the motorway’s second anniversary on Friday, awarding a gift to the 10 millionth user of the road.
According to the company, Chhum Sophearun, a 42-year-old taxi driver, became the 10 millionth user of the Phnom Penh-Sihanoukville Expressway on Oct. 2 and was given free travel for one year on the expressway.
Speaking at the event, Cambodian Minister of Public Works and Transport Peng Ponea said the expressway, the first of its kind in Cambodia, has become a key strategic route, linking the first economic powerhouse of Phnom Penh with the second economic powerhouse of the coastal province of Sihanoukville.
“This expressway has been providing great benefits to Cambodia’s socio-economic development and tourism,” he said. “It has played a crucial role in improving the efficiency of travel and goods transport.”
Chinese Ambassador to Cambodia Wang Wenbin said the expressway was a landmark project of China-Cambodia cooperation under the BRI.
“It is a vivid example of China-Cambodia joint efforts in building a high-quality, high-level and high-standard community with a shared future in a new era,” he said.
Speaking to Xinhua at the event, Sophearun said he was excited to be contacted by an expressway staff member to inform that he had become the 10 millionth expressway user.
SOUNDBITE 1 (Khmer): CHHUM SOPHEARUN, Taxi driver
“Usually, I travel on the expressway from Phnom Penh to Sihanoukville and vice versa, carrying tourists from Europe, China or Indonesia. Traveling on the old road (National Road 4) takes a lot of time and costs a lot of money on fuel and car maintenance due to uneven road surface, so in sum, the expense for traveling on the old road is higher than that on the expressway. I would like to urge all drivers to use this expressway because it is quite safe and very convenient to travel.”
Invested by the China Road and Bridge Corporation under the build-operate-transfer (BOT) model in the amount of 2 billion U.S. dollars, the Phnom Penh-Sihanoukville Expressway is the first-ever freeway in Cambodia and is the largest single project under the Belt and Road Initiative.
With two lanes for traffic in each direction plus an emergency lane on each side, vehicles can reach their destinations within two hours through the expressway instead of five hours on National Road 4.
Teng Sokhen, a 25-year-old toll collector at the Phnom Penh-Sihanoukville Expressway, said the expressway has provided a safe, convenient, and efficient travel option for all drivers.
SOUNDBITE 2 (Khmer): TENG SOKHEN, Toll collector at Phnom Penh-Sihanoukville Expressway
“I’m really happy to work at this expressway because this road has contributed to Cambodia’s social development, economic growth and tourism, and has provided a lot of benefits to the people of Cambodia. As a staff member, I’m glad to be a contributor to the society.”
Xinhua News Agency correspondents reporting from Phnom Penh. (XHTV)