Media
တရုတ်မော်တော်ဆိုင်ကယ်များ ဘရာဇီးဈေးကွက်၌ လူကြိုက်များရေပန်းစား
ချုံချင့်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်မော်တော်ဆိုင်ကယ်များက ဘရာဇီးနှင့် အခြား လက်တင်အမေရိကနိုင်ငံများတွင် သိသိသာသာ လူကြိုက်များရေပန်းစားလာခဲ့ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ် တင်ပို့မှုများ အဓိကလုပ်ဆောင်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Chongqing Xinyuan Motorcycle ကုမ္ပဏီလီမိတက်က လက်တင်အမေရိကဈေးကွက်များအား အဓိကထား တင်ပို့ကြောင်း သိရသည်။
၂၀၀၅ ခုနှစ်မှစ၍ ယင်းကုမ္ပဏီအနေဖြင့် ဒေသတွင်းသုံးစွဲသူများ၏ နှစ်သက်လိုလားမှုများနှင့် ကိုက်ညီစေရန် ပထဝီဝင်ပတ်ဝန်းကျင်၊ ယာဉ်သွားလာမှုအနေအထားများနှင့် ဒေသတွင်း လူနေမှုပုံစံများ အစရှိသည့် အချက်များအား ထည့်သွင်းစဉ်းစားကာ ၎င်းတို့၏ ထုတ်ကုန်များအား စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ခြင်းဖြင့် ဘရာဇီး မော်တော်ဆိုင်ကယ်ဈေးကွက်အား စိတ်ဝင်တစား လေ့လာခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ၏ မော်တော်ဆိုင်ကယ်ဈေးကွက်တွင် ယင်းကုမ္ပဏီထုတ် ကုန်ပစ္စည်းက ဘရာဇီးနိုင်ငံတစ်ဝန်း အရောင်းဆိုင် ၁၈၀ ကျော်နှင့်အတူ တရုတ်ပို့ကုန်ပစ္စည်းများအနက် ထိပ်ဆုံးနေရာ ရယူနိုင်ခဲ့သည်။
“၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ကျွန်တော်တို့ရဲ့ ရောင်းချရမှုက ဘရာဇီးဈေးကွက်မှာ ယွမ် သန်း ၃၀၀ ကျော် (အမေရိကန်ဒေါ်လာ ၄၁.၅ သန်းခန့်) အပါအဝင် ယွမ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၈.၃၇ သန်းခန့်) ကျော်လွန်သွားခဲ့ပြီးတော့ ရာခိုင်နှုန်း ၁၄၀ တိုးလာခဲ့ပါတယ်။ အလားတူပဲ မက္ကဆီကို၊ အီကွေဒေါ စတဲ့ အခြားလက်တင်အမေရိကန်နိုင်ငံတွေမှာ ရောင်းချရမှုက ရာခိုင်နှုန်း ၁၂၀ ကျော် တိုးလာပြီးတော့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်” ဟု Chongqing Xinyuan Motorcycle ကုမ္ပဏီလီမိတက်၏ အော်ပရေးရှင်းဒါရိုက်တာ ZHANG FENG က ပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
Chinese motorbikes gaining popularity in Brazilian market
Chinese motorcycles are becoming increasingly popular in Brazil and other Latin American countries.
Chongqing Xinyuan Motorcycle Co., Ltd., a company specializing in motorcycle exports, focuses primarily on Latin American markets.
Since 2005, the company has actively explored the Brazilian motorcycle market by continually upgrading its products to align with local consumer preferences, considering factors such as the geographical environment, traffic conditions, and local lifestyles.
The brand has secured the top position among Chinese export brands in Brazil’s motorcycle market, with over 180 sales outlets across the country.
SOUNDBITE (Chinese): ZHANG FENG, Operation director of Chongqing Xinyuan Motorcycle Co., Ltd.
“From January to October 2024, our sales surpassed 1 billion yuan (about 138.37 million U.S. dollars), including over 300 million yuan (about 41.5 million U.S. dollars) in the Brazilian market, an increase of 140 percent. Similarly, we achieved significant growth in other Latin American countries, such as Mexico and Ecuador, with sales increasing by more than 120 percent.”
Xinhua News Agency correspondents reporting from Chongqing, China. (XHTV)