Europe
ဂါဇာဒေသနှင့် ပတ်သက်သည့် ထရမ့်၏ အစီအစဉ်မှာ ကဲ့ရဲ့ပြစ်တင်စရာဖြစ်နေဟု ရုပ်သံစကားစစ်ထိုးပွဲ၌ ဂျာမနီ ဝန်ကြီးချုပ် ဝေဖန်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10e01.jpg)
ဘာလင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းများကို ဂါဇာကမ်းမြောင်ဒေသမှ နေရပ်ပြောင်းရွှေ့မည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အစီအစဉ်အပေါ် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်က ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းတွင် ဝေဖန်ပြစ်တင်ခဲ့ပြီး ယင်းသည် ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်နေသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက်၌ ကျင်းပမည့် ဘွန်းဒက်စတက်ဂ် (ဂျာမန်အောက်လွှတ်တော်) ရွေးကောက်ပွဲမတိုင်မီ ရှောဇ်နှင့် အတိုက်အခံ ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီခေါင်းဆောင် ဖရီးဒရစ်မက်ဇ်တို့ ပထမအကြိမ် ရုပ်သံစကားစစ်ထိုးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်း၌ အချေအတင်ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာ တစ်ခုမှာ ဂျာမနီအနေဖြင့် ထရမ့်အစိုးရလက်ထက် အမေရိကန်နိုင်ငံနှင့် မည်သို့မည်ပုံ ထိတွေ့ဆက်ဆံသင့်သည်ဟူသော အကြောင်းအရာပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းအရေးနှင့် စပ်လျဉ်း၍ ပြောကြားရာ၌ ရှောဇ်က ထရမ့်၏ ဂါဇာ အဆိုပြုချက်အား ကန့်ကွက်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/02X
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10e02.jpg)
ဖေဖော်ဝါရီ ၂၃ ရက်၌ ကျင်းပမည့် ဘွန်းဒက်စတက်ဂ် (ဂျာမန်အောက်လွှတ်တော်) ရွေးကောက်ပွဲမတိုင်မီ ရှောဇ် (ဝဲ) နှင့် အတိုက်အခံ ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီခေါင်းဆောင် ဖရီးဒရစ်မက်ဇ်တို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က ပထမအကြိမ် ရုပ်သံစကားစစ်ထိုးပွဲ ပြုလုပ်နေပုံကို ဂျာမနီနိုင်ငံပိုင် နိုင်ငံတကာရုပ်သံလွှင့်ဌာန Deutsche Welle (DW) မှ တိုက်ရိုက်ထုတ်လွှင့်မှုအား snapshot ဖမ်းယူထားသော ဓာတ်ပုံ၌ တွေ့ရစဉ်
![](https://xinhuamyanmar.com/wp-content/uploads/2025/02/10e03.jpg)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့်အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရှင်းလင်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(English Version)
Scholz criticizes Trump’s Gaza plan as “scandal” in TV debate
BERLIN, Feb. 9 (Xinhua) — German Chancellor Olaf Scholz on Sunday evening criticized U.S. President Donald Trump’s plan to relocate Palestinians from the Gaza Strip, calling it “a scandal.”
Scholz and Friedrich Merz, leader of the opposition Christian Democratic Union (CDU), engaged in the first televised debate ahead of Bundestag elections on Feb. 23.
One of the key topics discussed was how Germany should engage with the United States under Trump’s administration. Addressing the Middle East issue, Scholz reaffirmed his opposition to Trump’s Gaza proposal. xhtxs.cn/02X
English Caption
This snapshot from a livestream by German state-owned international broadcaster Deutsche Welle (DW) on Feb. 9, 2025, showed German Chancellor Olaf Scholz (left) in his first televised debate with Friedrich Merz, leader of the opposition Christian Democratic Union (CDU), ahead of Bundestag elections on Feb. 23.