Connect with us

Asia

ဂျပန်နိုင်ငံ တိုကာရာကျွန်းစုအနီး ပြင်းအား မဂ္ဂနီကျု ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်

တိုကျို၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံတောင်ပိုင်းရှိ တိုကာရာကျွန်းစုအနီးတွင် ဇူလိုင် ၂ ရက်၌ ပြင်းအား မဂ္ဂနီကျု ၅.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။
အဆိုပါငလျင်သည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၆ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားသည်။
ငလျင်ဗဟိုချက်သည် မြောက်လတ္တီကျု ၂၉.၂ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၂၉.၂ ဒီဂရီတွင် ဖြစ်သည်။.
ကာဂိုရှီးမားစီရင်စုရှိ တိုရှီးမားကျေးရွာသည် အဆင့် ၇ ဆင့်ရှိ ဂျပန်ငလျင် ပြင်းအားစကေးအရ အဆင့် ၅ အောက်ရှိသည့် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်။ ငလျင်အဆင့် ပြင်းအား ၃ သို့မဟုတ် ထို့ထက်ပိုမိုပြင်းထန်သော လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည့် အခြားနေရာများကိုလည်း သတိထားစောင့်ကြည့်လျက်ရှိသည်။
ငလျင်သတိပေးချက်များနှင့် ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲငလျင်များနှင့်ပတ်သက်၍ သတိထားကြရန် အာဏာပိုင်များက ဒေသခံများကို အကြံပြုထားသည်။
ဇွန်လနှောင်းပိုင်းမှစ၍ ကာဂိုရှီးမားစီရင်စုရှိ တိုရှီးမားကျေးရွာအပါအဝင် တိုကာရာကျွန်းစုတွင် ငလျင်များ ဆက်တိုက် လှုပ်ခတ်နေခြင်းဖြစ်သည်။ (Xinhua)
…………………….
(English Version)
5.5-magnitude earthquake strikes off Japan’s Tokara islands
TOKYO, July 2 (Xinhua) — An earthquake with a preliminary magnitude of 5.5 struck off Tokara islands in southern Japan on Wednesday, the country’s weather agency said.
The temblor occurred at 3:26 p.m. local time, originating at a depth of approximately 10 km, said the Japan Meteorological Agency (JMA).
The quake’s epicenter was located at a latitude of 29.2 degrees north and a longitude of 129.2 degrees east.
Toshima village in Kagoshima prefecture experienced a seismic intensity of lower 5 on the Japanese scale of 7. Other areas that registered an intensity of 3 or higher were currently being monitored.
Authorities advise residents to stay alert for further information and potential aftershocks.
Since late June, a persistent earthquake swarm has rattled Tokara Islands, including Toshima village, in Kagoshima prefecture.