International Organizations
ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် နော်ဂါ့ဒ် အာဆင်နယ်အသင်းထံ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့

လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
အာဆင်နယ်အသင်းက ဘရန့်ဖို့ဒ်အသင်းခေါင်းဆောင် ခရစ်ရှန် နော်ဂါ့ဒ်အား ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ နော်ဂ့ါဒ်အနေဖြင့် ကနဦး နှစ်နှစ်သက်တမ်းရှိ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နော်ဂ့ါဒ်မှာ အာဆင်နယ်အသင်း ယခုနွေရာသီတွင် ခေါ်ယူခဲ့သည့် တတိယမြောက် ကစားသမားဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အနေဖြင့် ဂိုးသမား ကယ်ပါ အာရီဇာဘာလာဂါ၊ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။
အသက် ၃၁ နှစ်အရွယ် အဆိုပါ ကစားသမားက ၎င်းအသင်းခေါင်းဆောင်အဖြစ် ကစားနေသည့် ဘရန့်ဖို့ဒ်အသင်းမှ ထွက်ခွာရန် ခက်ခဲကြောင်း ဝန်ခံခဲ့သော်လည်း အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းမှာ ချန်ပီယံလိဂ်၌ ကစားခွင့်ရလိုသည့် ၎င်း၏အိပ်မက်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော် အသက် ၃၁ နှစ် ပြည့်ပြီးချိန်မှာ ဘရန့်ဖို့ဒ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဘရန့်ဖို့ဒ်မှာ အံ့အားသင့်စရာ အခြေအနေတစ်ခု အချိန်မရွေး ဖြစ်လာနိုင်ပေမဲ့ အဲဒီအသင်းနဲ့အတူ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ကတော့ လက်တွေ့မဆန်သလိုပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
“အခုဆိုရင် ချန်ပီယံလိဂ်သီချင်းသံကို နားဆင်ပြီး ပြိုင်ပွဲမှာ ကိုယ်တိုင်ပါဝင်ခွင့်ရတော့မှာပါ။ အဲဒါက ကျွန်တော့်ရဲ့ ငယ်ဘဝအိပ်မက်ဆိုပေမဲ့ လက်တွေ့ဖြစ်လာမယ်လို့ ထင်မထားခဲ့တဲ့ အရာတစ်ခုပါ။ ဒါကြောင့် ကျွန်တော် သိပ်ပျော်ပါတယ်” ဟု နော်ဂါ့ဒ်က ဆိုသည်။
နော်ဂါ့ဒ်အနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဘရန့်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်စေရန် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သလို ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂၂ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ (Xinhua)
………………..
(English Version)
Brentford captain Norgaard joins Arsenal in two-year deal
LONDON, July 10 (Xinhua) — Arsenal on Thursday completed the signing of Christian Norgaard from Brentford for an initial price of 10 million pounds, with Norgaard signing an initial two-year contract.
Norgaard is Arsenal’s third signing of the summer after goalkeeper, Kepa Arrizabalaga and midfielder Martin Zubimendi, who signed from Real Sociedad.
The 31-year-old admitted it had been difficult to leave Brentford, where he had been club captain, but said joining Arsenal meant “fulfilling” his dream of playing in the Champions League.
“I had just turned 31 and had signed a new deal with Brentford, there is always a chance that a miracle could happen with Brentford, but it was probably unrealistic to play Champions League with them.”
“Now I get to hear the anthem and to be part of the Champions League campaign, it is a childhood dream, but something I didn’t think was possible, so it’s something I’m really happy about.”
Norgaard leaves Arsenal after helping Brentford win promotion to the Premier League in 2021 and has made 122 top-flight appearances for the club.
English Caption
Liverpool’s Federico Chiesa (R) is challenged by Brentford’s Christian Norgaard during the English Premier League match between Brentford and Liverpool in London, Britain, on Jan. 18, 2025. (Xinhua)