North America
ဟော်မုဇ်ရလက်ကြား အတားအဆီးများရှိနေဆဲဖြစ်၊ ကမ္ဘာ့ရေနံဈေး များစွာ မြင့်တက်
နယူးယောက်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
ဟော်မုဇ်ရေလက်ကြား ရေကြောင်းသယ်ယူပို့ဆောင်မှု အတားအဆီးများ ဆက်လက်ရှိနေဆဲဖြစ်ပြီး အမေရိကန်နှင့် အီရန်အကြား ဒုတိယအကြိမ် ဆွေးနွေးမှုအလားအလာ မရေရာနေခြင်းကြောင့် ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှောင်ရှားလိုသည့် ဝယ်လိုအားများ ထပ်မံမြင့်တက်လာခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်းများသည် ဧပြီ ၁၉ ရက် ညပိုင်း အရောင်းအဝယ်သီတင်းပတ်အသစ်စတင်ချိန်တွင် များစွာ မြင့်တက်ခဲ့သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန်ဖြစ်သည့် ယင်းနေ့ ၁၉:၁၅ နာရီတွင် နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ မေလအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၈၉.၈၅ ဒေါ်လာ အထိ ရှိလာပြီး ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့် နှိုင်းယှဉ်လျှင် ၇.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဇွန်လအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၉၅.၆၈ ဒေါ်လာ အထိရှိပြီး ယခင်အရောင်းအဝယ်နေ့ ဈေးကွက်ပိတ်သိမ်းချိန်နှင့်နှိုင်းယှဉ်လျှင် ၅.၈၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဈေးကွက်၏ အကောင်းမြင်ခန့်မှန်းချက်များ အဟန့်အတားဖြစ်ခဲ့ခြင်းကြောင့် နယူးယောက် စတော့အိတ်ချိန်း အဓိကညွှန်းကိန်းသုံးခုလုံး၏ ရှယ်ယာအနာဂတ်ဈေးနှုန်းများသည် ဧပြီ ၁၉ ရက် အရောင်းအဝယ် သီတင်းပတ်အသစ် စတင်ချိန်တွင် ၀.၅ ရာခိုင်နှုန်းကျော် သိသိသာသာ ကျဆင်းခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ရွှေနှင့် ငွေ၏ အနာဂတ်ဈေးနှုန်းများသည် ၁.၇ ရာခိုင်နှုန်းနှင့် ၂.၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။ (Xinhua)
——————
(Chinese Version)
霍尔木兹海峡仍受阻 国际油价大幅走高
新华社纽约4月19日电(记者刘亚南)由于霍尔木兹海峡航运依然受阻以及美国与伊朗第二轮谈判前景不明,市场避险需求再次升高,国际油价19日晚些时候在新一周交易开始时大幅上涨。
截至美东时间当天19时15分,纽约商品交易所5月交货的轻质原油期货价格为每桶89.85美元,比前一交易日收盘价上涨7.16%。同时,6月交货的伦敦布伦特原油期货价格升至每桶95.68美元,比前一交易日收盘价上涨5.86%。
由于市场乐观预期受挫,纽约股市三大股指期货在19日新一周交易开始时均显著下跌超0.5%。同时,国际黄金、白银期货价格分别下跌约1.7%和2.7%。(完)
1. 3月26日,车主在英国伦敦一处加油站加油。新华社记者 李颖 摄
