Connect with us

Asia

အေအက်ဖ်စီ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အိမ်ရှင်ကမ္ဘောဒီးယားက အိန္ဒိယကို ရှုံးနိမ့်

ဖနွမ်းပင်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ မြို့တော်ဖနွမ်းပင်တွင် သြဂုတ် ၂၅ ရက်ညက ကျင်းပခဲ့သည့် အေအက်ဖ်စီ အမျိုးသမီး ချန်ပီယံလိဂ် ၂၀၂၅-၂၀၂၆ ခုနှစ်၏ ပဏာမအဆင့်ပွဲစဉ်၌ ကမ္ဘောဒီးယားအသင်း Phnom Penh Crown FC က အိန္ဒိယအသင်း East Bengal FC အသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
ကစားပွဲပထမပိုင်းတွင် နှစ်ဖက်အသင်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်း၌ တိုက်စစ်ကစားသမား Fazila Ikwaput က ပွဲချိန် မိနစ် ၇၀ တွင် East Bengal FC အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
Phnom Penh Crown FC က အေအက်ဖ်စီ အမျိုးသမီး ချန်ပီယံလိဂ် ၂၀၂၅-၂၀၂၆ ခုနှစ်၏ ပဏာမအဆင့်၌ East Bengal FC နှင့် တရုတ်နိုင်ငံ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ Kitchee SC တို့နှင့်အတူ အုပ်စု E တွင် ပါဝင်သည်။ ၎င်း Crown အသင်းက ဩဂုတ် ၂၈ ရက်တွင် Kitchee SC နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုအနိုင်ရရှိသည့် အသင်းကသာ နောက်တစ်ဆင့် တက်နိုင်မည်ဖြစ်သည်။
ဩဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ပဏာမအဆင့်တွင် စုစုပေါင်း ကလပ်အသင်း ၁၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုငါးခုခွဲထားသည်။ အုပ်စုအနိုင်ရရှိသောအသင်း ငါးသင်းက အုပ်စုအဆင့်သို့ တက်ရောက်ခွင့်ရှိမည်ဖြစ်သည်။
ထို့နောက် ၎င်းအနိုင်ရအသင်းများက အုပ်စုအဆင့်တွင် အာရှ၏ထိပ်တန်းကလပ်ခုနစ်သင်းနှင့်အတူ ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းစာရင်းတွင် သြစတြေးလျနိုင်ငံမှ Melbourne City FC ၊ တောင်ကိုရီးယားနိုင်ငံမှ Suwon FC Women ၊ ဂျပန်နိုင်ငံမှ Tokyo Verdy Beleza ၊ တရုတ်နိုင်ငံမှ ခံစစ်ချန်ပီယံများဖြစ်ကြသည့် Wuhan Jiangda Women’s FC ၊ ဗီယက်နမ်နိုင်ငံမှ Ho Chi Minh City Women’s FC ၊ အီရန်နိုင်ငံမှ Bam Khatoon FC နှင့် ယူအေအီးနိုင်ငံမှ ကလပ်အသင်းတစ်သင်းတို့ ပါဝင်သည်။
ထိုအသင်းများက နို၀င်ဘာလတွင် စတင်မည့် အဆိုပါအဓိကပြိုင်ပွဲအတွက် အသင်း ၁၂ သင်းအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Host Cambodia loses to India in AFC Women’s Champions League challenge
PHNOM PENH, Aug. 25 (Xinhua) — Cambodia’s Phnom Penh Crown FC lost 1-0 to East Bengal FC of India in their preliminary stage match of the AFC Women’s Champions League 2025-2026 here on Monday night.
In the first half of the game, neither side earned a goal, and entering the second half, forward Fazila Ikwaput brought the victory to her East Bengal FC when she scored a goal in the 70th minute.
The Phnom Penh Crown FC is in Group E of the preliminary stage of the AFC Women’s Champions League 2025-2026, where it is joined by East Bengal FC of India and Kitchee SC of Hong Kong, China. The Crown will face Kitchee SC on Thursday.
Only the group winner will advance to the next round.
A total of 19 clubs are competing in the preliminary stage from Monday to Sunday, divided into five groups. The five group winners will qualify for the group stage.
The winning teams will then join seven of Asia’s top-ranked clubs in the group stage. The line-up already includes Melbourne City FC of Australia, Suwon FC Women of South Korea, Tokyo Verdy Beleza of Japan, defending champions Wuhan Jiangda Women’s FC of China, Ho Chi Minh City Women’s FC of Vietnam, Bam Khatoon FC of Iran, and a club from the United Arab Emirates.
Together, these teams will form a 12-team line-up for the main tournament, which is due to begin in November. ■