Myanmar
မြန်မာနိုင်ငံ၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာဖြစ်သည့် The Global New Light of Myanmar တွင် စက်တင်ဘာ ၁၄ ရက်က ဖော်ပြခဲ့သည်။
အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ရှေးဦးပြုစုခြင်းသည် ဆေးရုံမရောက်မီ အသက်ကယ်ကုသခြင်း (Pre Hospital Care) ၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း (First Aid) ဖြင့် ကူညီပြုစုပေးပြီး ဆေးရုံကို ပို့ဆောင်ရာတွင် ဆေးရုံ၏ (Post Hospital Care) ကို များစွာအထောက်အကူဖြစ်ကြောင်း၊ လူနာများအတွက် ဒဏ်ရာအခြေအနေ ပိုမိုမဆိုးစေရန်နှင့် အသက်ရှင်သန်စေရန်လည်း အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက အသင်းအဆင့်ဆင့် တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များအားလုံး ယခုထက်ပိုမိုပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးပြု လူမှုကရုဏာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(English Version )
Myanmar commemorates World First Aid Day
YANGON, Sept. 14 (Xinhua) — Myanmar has held a ceremony in Nay Pyi Taw to mark the World First Aid Day, the state-owned daily The Global New Light of Myanmar reported on Sunday.
During the ceremony, Union Minister for Health Thet Khaing Win said that first aid is a crucial part of pre-hospital care, helping patients during transport to the hospital, preventing further injury and increasing survival chances.
The union minister expressed his hope that officials at all levels and Red Cross volunteers will continue to carry out social and charitable work for the benefit of the country and its people. ■