International Organizations
နေမာ ဒူးခွဲစိတ်ကုသမှု ခံယူ
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဆန်းတို့စ်တိုက်စစ်မှူး နေမာသည် ၎င်း၏ဘယ်ဘက်ဒူး အရိုးနုစုတ်ပြဲဒဏ်ရာ ပြုပြင်ရန်အတွက် အောင်မြင်သည့် ခွဲစိတ်ကုသမှုကို ခံယူခဲ့ကြောင်း ဘရာဇီးစီးရီးအေကလပ်အသင်း ဆန်းတို့စ်က ဒီဇင်ဘာ ၂၂ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါအရိုးနုခွဲစိတ်ကုသမှုကို ဘရာဇီးအသင်းဆရာဝန် ရိုဒရီဂို လက်စ်မာက နိုင်ငံတောင်ပိုင်း ဘီလို ဟော်ရီဇွန်တီမြို့ရှိ မာတာ ဒေး နိုဗာ လီမာဆေးရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ခွဲစိတ်မှု အောင်မြင်ပြီး ကစားသမားလည်း အခြေအနေကောင်းပါတယ်” ဟု ဆန်းတို့စ်အသင်း၏တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အသက် ၃၃ နှစ်အရွယ်ရှိ နေမာသည် ဒီဇင်ဘာ ၂၂ ရက်မွန်းလွဲပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရခဲ့ပြီး ခန္ဓာသန်စွမ်းရေးကုထုံးပညာရှင် ရာဖေးလ် မာတီနီ စီစဉ်ပေးသည့် ၎င်း၏ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေးလုပ်ငန်းစဉ်ကို “ချက်ချင်းစတင်” မည်ဖြစ်ကြောင်းလည်း ဖြည့်စွက်ဖော်ပြခဲ့သည်။
နေမာက ၂၀၂၅ ခုနှစ် ဘရာဇီးရာသီ၏ ဒုတိယနှစ်ဝက်တွင် အဆိုပါဒူးဒဏ်ရာဖြင့် ကစားခဲ့ကြောင်း၊ ဆန်းတို့စ်အသင်း တန်းဆင်းဇုန်သို့ မဆင်းရရေး ကူညီရန်အတွက် နာကျင်မှုကို သည်းခံ၍ ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း ယခုလအစောပိုင်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာစီလိုနာနှင့် ပဲရစ်စိန့်ဂျာမိန်းအသင်းတို့၏ ကြယ်ပွင့်ဟောင်း နေမာသည် ယခုနှစ်တွင် ဆန်းတို့စ်အသင်းအတွက် ပြိုင်ပွဲစုံတွင် ၂၈ ပွဲသာ ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Neymar undergoes knee surgery
RIO DE JANEIRO, Dec. 22 (Xinhua) — Santos forward Neymar has undergone successful surgery to repair a torn meniscus in his left knee, the Brazilian Serie A club said on Monday.
Brazil national team doctor Rodrigo Lasmar carried out the arthroscopy at the Mater Dei Nova Lima hospital in the southern city of Belo Horizonte.
“The surgery was a success and the player is doing well,” read a statement on Santos’ official website.
It added that the 33-year-old was discharged on Monday afternoon and will “immediately begin” his rehabilitation process, coordinated by physiotherapist Rafael Martini.
Earlier this month, Neymar revealed he had played the latter half of the 2025 Brazilian season carrying the injury but decided to play through pain to help Santos avoid relegation.
The former Barcelona and Paris Saint-Germain star made just 28 appearances for Santos across all competitions this year, scoring 11 goals and providing four assists. ■
English Caption
Neymar (c) reacting after the match against Fluminense at Maracana Stadium in Rio de Janeiro, Brazil, April 13, 2025. (Xinhua/Claudia Martini)
