North America
ထရမ့်အစိုးရက Jerome Powell အပေါ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းအား အမေရိကန် အဓိကဘဏ္ဍာရေးအရာရှိဟောင်းများစွာက ပူးတွဲဝေဖန်ပြောကြား
နယူးယောက်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
အမေရိကန် ဘဏ္ဍာရေးလောကတွင် အဓိကတာဝန်များ ထမ်းဆောင်ခဲ့ဖူးသော လူပုဂ္ဂိုလ် ၁၀ ဦးကျော်က ဇန်နဝါရီ ၁၂ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ထရမ့်အစိုးအရအနေဖြင့် အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Jerome Powell အပေါ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းအား ဝေဖန်ပြောကြားခဲ့သည်။
အဆိုပါကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သူများတွင် အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်းနှင့် အိမ်ဖြူတော် စီးပွားရေးအကြံပေးကောင်စီ ဥက္ကဋ္ဌဟောင်း များစွာတို့ ပါဝင်ပေသည်။
အမေရိကန် ဗဟိုဘဏ်၏ လွတ်လပ်မှုသည် အမေရိကန်စီးပွားရေးလုပ်ဆောင်ချက်အတွက် များစွာအရေးကြီးကြောင်း၊ Jerome Powell အပေါ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းသည် အစိုးရရှေ့နေရုံး၏ စုံစမ်းစစ်ဆေးမှုဖြင့် အမေရိကန် ဗဟိုဘဏ်၏ လွတ်လပ်မှုအား လျှော့ချရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
တရားဥပဒေစိုးမိုးရေးသည် အမေရိကန်စီးပွားရေး အောင်မြင်မှု၏ အခြေခံဖြစ်ကြောင်း ကြေညာချက်၌ အလေးထား ဖော်ပြထားပြီး ထိုကဲ့သို့ ယခင်က မရှိခဲ့ဖူးသည့် လုပ်ဆောင်ချက်သည် ငွေကြေးဖောင်းပွမှု အခြေအနေနှင့် စီးပွားရေးလည်ပတ်မှု အခြေအနေတစ်ရပ်လုံးအပေါ် အင်မတန်အပြုသဘောမဆောင်သော သက်ရောက်မှု ဖြစ်စေနိုင်သည်ဟုလည်း သတိပေး ပြောကြားခဲ့သည်။
Jerome Powell က ဇန်နဝါရီ ၁၁ ရက် နှောင်းပိုင်းတွင် အမေရိကန် ဗဟိုဘဏ် ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်၍ အမေရိကန် တရားစီရင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် အမေရိကန် ဗဟိုဘဏ်သို့ ဆင့်ခေါ်စာ ပေးပို့ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ၌ အထက်လွှတ်တော် ဘဏ်လုပ်ငန်းကော်မတီ၌ ၎င်းက ထွက်ဆိုချက်နှင့် စပ်လျဉ်း၍ ရာဇဝတ်မှု တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထိုစဉ်က ထွက်ဆိုချက်များသည် အမေရိကန် ဗဟိုဘဏ် ရုံးခန်း ပြင်ဆင်တည်ဆောက်မှု စီမံကိန်းနှင့် ပတ်သက်မှုရှိကြောင်း ဆိုခဲ့သည်။
အစိုးရရှေ့နေရုံးက ၎င်းအပေါ် ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းသည် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းအား သတ်မှတ်ရာတွင် လွတ်လပ်မှုအား ဖျက်ဆီးရန်အတွက် “အကြောင်းပြချက်” ပင်ဖြစ်သည်ဟု Jerome Powell က ပြောကြားခဲ့သည်။
Jerome Powell ရာဇဝတ်မှုစုံစမ်းစစ်ဆေးခံရခြင်းသည် အိမ်ဖြူတော်၏အာဏာနှင့် အမေရိကန် ဖက်ဒရယ်ဘဏ်၏ လွတ်လပ်မှုတို့ ထိပ်တိုက်တွေ့ဆုံမှုသည် ယခုမှသာဖြစ်ခြင်း မဟုတ်ကြောင်းကို ဖော်ပြနေကြောင်း၊ သမ္မတ ထရမ့်နှင့် Jerome Powell ၊ အမေရိကန် ဗဟိုဘဏ်အကြား ပဋိပက္ခများစွာသည် အဆက်မပြတ်ဖြစ်ပွား၍ အဆင့်မြင့်တက်လာနေကြောင်း မီဒီယာများက ယူဆကြသည်။ (Xinhua)
——————-
(Chinese Version)
美国前财经要员联名批评特朗普政府对鲍威尔发起刑事调查
新华社纽约1月12日电(记者刘亚南)美国十余名曾在财经界担任要职的人士12日发表联合声明,批评特朗普政府对联邦储备委员会主席鲍威尔发起刑事调查。
签署这一声明的包括多名美联储前主席、美国财政部前部长和白宫经济顾问委员会前主席。
声明说,美联储的独立性对美国经济表现至关重要,而对鲍威尔的刑事调查企图利用检方调查削弱美联储的独立性。声明强调,法治是美国经济成功的根基,并警告说,这种前所未有的做法可能给通胀形势和整体经济运行带来极为不利的影响。
鲍威尔11日晚些时候在美联储网站发表公开声明说,美国司法部9日向美联储送达传票,威胁对他2025年6月在参议院银行委员会作证一事提起刑事诉讼,当时的证词涉及美联储办公楼翻新项目。鲍威尔表示,检方对他进行刑事调查是破坏美联储在设定利率方面独立性的“借口”。
有媒体认为,鲍威尔遭刑事调查显示出白宫权力与美联储独立性的交锋已非一朝一夕,总统特朗普与鲍威尔及美联储之间一系列冲突正在延续和升级。(完)
图说:12月10日,在美国首都华盛顿,美国联邦储备委员会主席鲍威尔出席记者会。新华社发(李源清摄)
