News
အိန္ဒိယနိုင်ငံ၌ COVID-19 လူနာသစ် ၃၉၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိ ၊ လူနာပေါင်း ၁၉ ဒသမ ၅ သန်းကျော် ရှိလာ
နယူးဒေလီ ၊ မေ ၂ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း COVID-19 လူနာသစ် ၃၉၂,၄၈၈ ဦး မြင့်တက်လာခြင်းနှင့်အတူ မေ ၂ ရက်တွင် COVID-19 လူနာပေါင်း ၁၉,၅၅၇,၄၅၇ ဦးထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။
မေ ၁ ရက် နံနက်ပိုင်းမှစ၍ သေဆုံးသူ ၃,၆၈၉ ဦး ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၂၁၅,၅၄၂ ဦးထိ ရှိလာကြောင်း သိရသည်။အိန္ဒိယနိုင်ငံအနှံ့ ယခုထိ ဆေးရုံများ၌ ဆေးကုသမှု ခံယူပြီး ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၅,၉၉၂,၂၇၁ ဦး ရှိလာချိန်တွင် မေ ၁ ရက်အထိ လူနာသစ် ၈၀,၉၃၄ ဦး တိုးလာခဲ့ခြင်းနှင့်အတူ နိုင်ငံတွင်း ဆေးရုံတက်ရောက် ကုသလူနာပေါင်း ၃,၃၄၉,၆၄၄ ဦး ရှိနေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားမှုများ ဆက်လက်မြင့်တက်နေသော်လည်း ဗဟိုအစိုးရက အလုံးစုံ ပိတ်ဆို့မှု lockdown စည်းကမ်းထုတ်ပြန်မှုကို ရပ်တံ့ခဲ့သည်။မြို့တော် ဒေလီကို မေ ၃ ရက်အထိ ဒုတိယအကြိမ် ဆက်တိုက် တစ်ပတ်ကြာ lockdown အစီအစဉ်အောက်တွင် ထားရှိခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု အများဆုံး နေရာ တစ်ခု ဖြစ်သည့် ဒေလီမြို့၌ မေ ၁ ရက်တွင် လူနာသစ် ၂၅,၂၁၉ ဦး နှင့် သေဆုံးသူ ၄၁၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဒေလီမြို့၌ COVID-19 ရောဂါကြောင့် သေဆုံးသူပေါင်း ၁၆,၅၅၉ ဦး ရှိခဲ့ကြောင်း ဒေလီကျန်းမာရေးဌာနထံမှ သိရသည်။
တစ်ချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၌ မေ ၁ ရက်အထိ COVID-19 ဓာတ်ခွဲနမူနာပေါင်း ၂၉၀,၁၄၂,၃၃၉ ခုအား စစ်ဆေးခဲ့ပြီး မေ ၁ ရက်ထဲတွင် ဓာတ်ခွဲနမူနာ ၁,၈၀၄,၉၅၄ ခုအား စစ်ဆေးခဲ့ကြောင်း အိန္ဒိယနိုင်ငံ ဆေးဘက်ဆိုင်ရာ သုတေသနကောင်စီ၏မေ ၂ ရက်တွင် နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၌ မေ ၁ ရက်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအတွက် တတိယအဆင့် ကာကွယ်ဆေးထိုးနှံမှုအား စတင်ခဲ့သည်။နိုင်ငံတစ်ဝှမ်း ကာကွယ်ဆေး ထိုးနှံမှုအား ဇန်နဝါရီလမှ စတင်ခဲ့ပြီး ယခုအထိ ကာကွယ်ဆေး အကြိမ်ရေ ၁၅၆ သန်းကျော် ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၌ ပြည်သူများအား အိန္ဒိယနိုင်ငံ Serum Institute မှ ထုတ်လုပ်သည့် Covishield ကာကွယ်ဆေး နှင့် Bharat Biotech International Limited မှ ထုတ်လုပ်သည့် Covaxin ကာကွယ်ဆေး အပါအဝင် ကာကွယ်ဆေး အမျိုးအစား နှစ်မျိုးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံထုတ် Sputnik-V ကာကွယ်ဆေး ပထမသုတ်အား မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
India reports over 390,000 new COVID-19 cases, tally over 19.5 million
NEW DELHI, May 2 (Xinhua) — India’s COVID-19 tally reached 19,557,457 on Sunday, with a single day spike of 392,488 cases, said the federal health ministry.
As many as 3,689 deaths were recorded since Saturday morning, taking the total death toll to 215,542.
There are a total of 3,349,644 active cases in the country, with an increase of 80,934 through Saturday, while 15,992,271 people have been cured and discharged from hospitals so far across the country.
The COVID-19 figures continue to peak in the country, but the federal government has ruled out imposing a complete lockdown. The capital Delhi has been put under a second successive week-long lockdown till May 3.
Delhi, one of the most COVID-19 affected places in the country, witnessed over 25,219 new cases and 412 deaths through Saturday. As many as 16,559 people have died in the national capital due to COVID-19, confirmed Delhi’s health department.
Meanwhile, a total 290,142,339 COVID-19 tests have been conducted in India till Saturday, out of which 1,804,954 tests were conducted on Saturday alone, according to the latest data issued by the Indian Council of Medical Research on Sunday.
The third phase of vaccination for people aged above 18 in India began on Saturday. So far over 156 million vaccination doses have been administered in India since the country kicked off its nationwide inoculation drive in January.
Two types of vaccines are being administered to the people in India, including the Covishield vaccine made by the Serum Institute of India and the Covaxin vaccine made by Bharat Biotech International Limited.
India received the first batch of the Russian-made Sputnik-V vaccine on Saturday. Enditem