Connect with us

Africa & Middle East

မြောက်မက်ဆီဒိုးနီးယားနိုင်ငံက ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနအား ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

စကော့ဂျီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။သတင်းထုတ်ပြန်ချက်တွင် မြောက်မက်ဆီဒိုးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Sergey Bazdnikin အား မတ် ၂၈ ရက်တွင် ဆင့်ခေါ်ခဲ့ပြီး ဆုံးဖြတ်ချက်အား အသိပေးပြောကြားခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ရရှိသော သတင်းအချက်အလက်များအရ မေးခွန်းထုတ်စရာ ဖြစ်သည့် ရုရှားသံတမန် ၅ ဦးမှာ သံတမန်ရေးရာဆက်ဆံရေး နှင့် ပတ်သက်သော ဗီယင်နာကွန်ဗင်းရှင်းအား ဆန့်ကျင်သည့် လှုပ်ရှားဆောင်ရွက်မှုများအား ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရုရှားသံတမန် ၅ ဦးသည် လာမည့်ငါးရက်အတွင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံမှ ထွက်ခွာသွားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)

North Macedonia declares 5 Russian diplomats personae non grata
SKOPJE, March 28 (Xinhua) — North Macedonia has declared five Russian diplomats as personae non grata, the country’s Ministry of Foreign Affairs said on Monday.

In a press release, the ministry said it summoned on Monday Russian Ambassador to North Macedonia Sergey Bazdnikin and informed him of the decision.

“According to the information received from the relevant authorities, the five Russian diplomats in question were engaged in activities contrary to the Vienna Convention on Diplomatic Relations,” read the press release.
The five Russian diplomats have to leave North Macedonia in the next five days. Enditem

Photo – File photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. The extraordinary summit of the North Atlantic Treaty Organization (NATO) held Thursday has confirmed the alliance’s desire to contain Russia and prolong the military conflict in Ukraine, the Russian Foreign Ministry said. (Xinhua/Evgeny Sinitsyn)