Connect with us

Europe

G7 က ရုရှားနိုင်ငံ၏ ဓာတ်ငွေ့ပေးပို့မှုများအား ရူဘယ်ငွေကြေးဖြင့် ပေးချေရန် တောင်းဆိုချက်အား ပယ်ချ

ဗြိတိန်နိုင်ငံ Falmouth မြို့ရှိ G7 မီဒီယာစင်တာပြင်ပ၌ ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဇွန် ၁၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက ဓာတ်ငွေ့ပေးပို့မှုများအတွက် ရူဘယ်ငွေကြေးဖြင့် ပေးချေရန် တောင်းဆိုချက်အား ပယ်ချရန် Group of Seven (G7) က သဘောတူခဲ့ကြောင်း ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ရုရှားနိုင်ငံ၏ တောင်းဆိုချက်သည် တစ်ဖက်သတ် ဖြစ်ကာ ရှိပြီးသားသဘောတူစာချုပ်များအား ရှင်းရှင်းလင်းလင်း ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဂျာမနီနိုင်ငံ စီးပွားရေး နှင့် ရာသီဥတုဆိုင်ရာ ဝန်ကြီးလည်းဖြစ်သူ ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က G7 စွမ်းအင်ဝန်ကြီးများ၏ virtual အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။ဂျာမနီနိုင်ငံသည် လက်ရှိတွင် G7 ဥက္ကဋ္ဌ တာဝန်ယူထားကြောင်း သိရသည်။

အပြီးသတ်ဖြစ်ပြီးသော သဘောတူစာချုပ်များအား ဆက်လက်ကျင့်သုံးရမည်ဖြစ်ကြောင်း ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က ပြောကြားခဲ့သည်။ “ရူဘယ်နဲ့ ငွေပေးချေမှာကတော့ လက်ခံနိုင်စရာအကြောင်းမရှိပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ပါဝင်ပတ်သက်သောကုမ္ပဏီများကို ရုရှားနိုင်ငံ၏ တောင်းဆိုချက်များအား မလိုက်နာရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သဘောထားကွဲလွဲမှာ မဟုတ်ပါဘူး။ G7 နိုင်ငံတွေရဲ့တုံ့ပြန်မှုက ရှင်းလင်းပါတယ်။”ဟု ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က ပြောကြားခဲ့သည်။ “သဘောတူစာချုပ်တွေကို လေးစားလိုက်နာရမှာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်အပတ်တွင် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ရုရှားနိုင်ငံထံမှ ဓာတ်ငွေ့ဝယ်ယူသည့် ချစ်ကြည်ရင်းနှီးမှုမရှိသောနိုင်ငံအများအပြားအား ဓာတ်ငွေ့ပေးပို့ရာတွင် ယခုအခါ ရူဘယ်ငွေကြေးဖြင့် ပေးချေရမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

——————————-
(English Version)

G7 rejects Russia’s demand to pay gas deliveries in rubles
BERLIN, March 28 (Xinhua) — The Group of Seven (G7) has agreed to reject Russia’s demand to pay gas deliveries in rubles, said German Vice-Chancellor Robert Habeck on Monday.
Russia’s demand was “a unilateral and clear breach of existing contracts,” Habeck, who is also the German minister for economic affairs and climate action, said after a virtual meeting of the G7 energy ministers.
Germany is currently chairing the G7.
Contracts that had been concluded should continue to apply, said Habeck. “A payment in rubles is not acceptable,” he added, urging companies involved not to follow Russia’s demands.
“We will not be divided, and the response of the G7 countries is clear,” said Habeck. “The contracts will be respected.”
Last week, Russian President Vladimir Putin announced that gas deliveries to a number of “unfriendly countries” which buy Russia’s gas would now have to be paid in rubles. Enditem
Photo – Police officers patrol outside the G7 media center in Falmouth, Cornwall, Britain, on June 11, 2021. (Xinhua/Han Yan)